Thai Celebrity

2022 မှာ ပြိုင်တူထွက်လာမယ့် အချစ်ဆုံးသူငယ်ချင်း (၃) ဦးရဲ့ ဇာတ်လမ်းတွဲသစ်များ

Yaya Urassaya, Kimmy Kimberley နဲ့ Margie Rasri တို့ကတော့ မသိသူမရှိတဲ့ ထိုင်းအနုပညာလောကရဲ့အချစ်ဆုံးသူငယ်ချင်းတွေပဲဖြစ်ပါတယ်။ ၂၀၂၂ ထဲမှာလည်း သူငယ်ချင်း (၃) ယောက်ရဲ့ ဇာတ်လမ်းသစ်တွေဟာ တချိန်တည်းလောက် ထွက်လာဖို့ရှိပါတယ်။

Kimmy Kimberley

၂၀၂၁ ထဲမှာ အမြွှာဇာတ်ကောင်နဲ့ လက်စွမ်းပြခဲ့တဲ့ Kimmy ကတော့ နှစ်သစ်မှာ ဇာတ်လမ်းသစ်နဲ့ စောင့်ကြိုနေပါတယ်။ YouTube ရှိုးတစ်ခုဖြစ်တဲ့ ‘Koy Natty Dream’ မှာပဲ Kimmy ဟာ Mario နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ “Mor Luang” ထွက်လာမယ့်အကြောင်းကို သတင်းကောင်းပါးခဲ့ပါတယ်။ ဒါအပြင် နောက်ထပ် drama သစ်တစ်ခုရိုက်ကူးဖို့ရှိကြောင်း အရိပ်အမြွက်ပြောသွားသေးတာမို့လို့ မင်းသားက Tor Thanapob များ ဖြစ်နေမလားဆိုတာကတော့ ရင်ခုန်စရာပါပဲနော်။

Margie Rasri

ကလေးတွေကိုပြုစုစောင့်ရှောက်နေရတဲ့ Margie Rasri ဟာ ၄ နှစ်ကြာပြီးမှ ပထမဆုံး comeback လုပ်တော့မှာဖြစ်ပါတယ်။ “Mummy, I Love You” ဇာတ်လမ်းသစ်က ရိုက်ကူးပြီးစီးတော့မှာဖြစ်ပြီး မင်းသား March Chutavuth နဲ့ ပထမဆုံးအကြိမ်တွဲဖက်ရိုက်ကူးထားပါတယ်။

Yaya Urassaya

ဇာတ်လမ်းသစ်မထွက်ခဲ့တဲ့ ထိပ်တန်းမင်းသမီး Yaya Urassaya ကလည်း ၂၀၂၂ မှာ drama သစ် (၂) ခုနဲ့ သိမ်းပိုက်တော့မှာဖြစ်ပါတယ်။ Mario နဲ့ ရိုက်ကူးထားတဲ့ “Bad Romeo” အပြင် ချစ်သူ Nadech Kugimiya နဲ့ “Lai Kinaree” ဇာတ်လမ်းတွေကို အားလုံးကမျှော်နေကြတာပါ။ ဒါတင်မကသေးဘဲ Rak Lakorn ဇာတ်လမ်းသစ်ကို Mark Prin နဲ့ တဖန်တွဲဖက်ပြီး ရိုက်ကူးတော့မှာဖြစ်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy