Thai TV3 Games
Thai TV3 Games

ညီအစ်ကိုတွေအဖြစ် အထင်မှားနိုင်လောက်တဲ့ Thai TV3 ရဲ့ ရုပ်တူကြတဲ့ မင်းသားများ

Posted on

သရုပ်ဆောင်မင်းသားတွေထဲမှာ ရုပ်ချင်းဆင်တာကြောင့် ညီအစ်ကိုတွေအဖြစ် တွဲဖက်လို့ရလောက်သူတွေရှိပါတယ်။ Thai TV3 ရဲ့ မင်းသားတွေထဲမှာလည်း ရုပ်ဆင်တဲ့မင်းသားတွေရှိတာကြောင့် ညီအစ်ကိုဆိုရင်တောင် ယုံလောက်တယ်ဆိုပြီး ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။

James Jirayu & Gulf Kanawut

James Jirayu နဲ့ Gulf Kanawut ကတော့ ရုပ်ရည်ပြေပြစ်ချောမောခြင်းအပြင် ချိုသာနွေးထွေးတဲ့အပြုံးကြောင့် ခပ်ဆင်ဆင်လေးလို့ ထင်ရလောက်ပါတယ်။ ပရိသတ်တွေကတော့ စီစီနဲ့ဂျူဂျူ ၂ ယောက်ကို ဇာတ်လမ်းအတူတူရိုက်ဖို့ မျှော်လင့်နေကြပါတယ်။

James Ma & Mean Phiravich

တက်သစ်စမင်းသားချော Mean Phiravich ကတော့ သူရဲ့စီနီယာမင်းသား James Ma နဲ့ မျက်လုံးလေးတွေနဲ့ နှုတ်ခမ်းတွေက တူနေတာပါ။ ဖြူဖွေးတဲ့အသားအရည်နဲ့ ကြည့်ကောင်းတဲ့ မင်းသား ၂ ဦးပါပဲနော်။

Pope Thanawat & Mac Pawish – မျက်လုံး နှင့် အပြုံး

Mark Prin & Inn Sarin – မျက်နှာကျ နှင့် နှုတ်ခမ်း

Ohm Kanin & Pon Nawasch – မျက်လုံး၊ မျက်တောင် နှင့် မျက်နှာကျ

Tanin Manoonsil & Boat Tara – နှာတံ နှင့် နှုတ်ခမ်း

Nadech Kugimiya & Nine Naphat – နှုတ်ခမ်း နှင့် ခန္ဓာကိုယ်အချိုးအစား

Great Warintorn & Top Jaron – မျက်လုံး နှင့် နှုတ်ခမ်း

တထပ်တည်းကျနေတာမျိုးမဟုတ်ဘဲ လျှပ်တပြတ်ကြည့်ရင် ရုပ်ဆင်သလို တစိမ့်စိမ့်ကြည့်ရင်းနဲ့လည်း ရုပ်ဆင်လာသလိုမျိုး ခံစားချက်ရတဲ့ မင်းသားတွေပဲ ဖြစ်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy