Thai Celebrity

ကြူနေတဲ့သူမရှိတဲ့ Single စစ်စစ်လေးတွေအဖြစ် နာမည်ကျော်နေတဲ့ ထိုင်းမင်းသမီး (၄) ဦး

ထိုင်းနိုင်ငံရဲ့မင်းသမီးချောလေးတွေကတော့ ချစ်သူကောင်လေးတွေနဲ့ လမ်းခွဲပြတ်စဲပြီး ကြူနေတဲ့သူ၊ ကြိုက်နေတဲ့သူမရှိတဲ့ Single စစ်စစ်လေးတွေအဖြစ် ပရိသတ်ကြားမှာ နာ‌မည်ကျော်နေပါတယ်။ အချစ်ရေးကိုခဏနားထားတဲ့ မင်းသမီး (၄) ဦးကတော့…

Toey Jarinporn

၂၀၂၀ နှစ်လယ်လောက်မှာတော့ မင်းသမီး Toey ဟာ ၃ နှစ်ကျော်ကြာတွဲခဲ့တဲ့ Alek Teeradetch နဲ့ ပြတ်စဲခဲ့ပါတယ်။ လက်ရှိအချိန်အထိ အီစီကလီလုပ်နေတဲ့သူမျိုး၊ ထူးထူးခြားခြားခံစားချက်တွေဖြစ်ပေါ်နေတဲ့သူမျိုးရယ်လို့မရှိကြောင်း Toey ကတော့ ပြောပြထားပါတယ်။

Photos: Thaiupdate

Bella Ranee

ထိပ်တန်းမင်းသမီး Bella Ranee ကတော့ ၁၀ နှစ်နီးပါးတွဲခဲ့တဲ့ချစ်သူ Weir Sukollawat နဲ့ ပြတ်စဲထားတာမကြာသေးပါဘူး။ Weir နဲ့ မိတ်ဆွေတွေလိုပဲ နေတော့မှာဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ပြီးနောက် အချစ်ရေးနဲ့ပတ်သက်လို့ တည်ငြိမ်နေဆဲဖြစ်ပြီး အလုပ်ဖက်မှာပဲ အာရုံစိုက်နေပါတယ်။

Min Pechaya

ကျိကျိတက်ချမ်းသာတဲ့ လူငယ်အရွယ် Hi-So နဲ့တွဲနေသူ Min Pechaya ကတော့ single အဖြစ် လွတ်လပ်စွာဖြတ်သန်းနေကြောင်း မီဒီယာရှေ့မှာ ပွင့်ပွင့်လင်းလင်းပြောခဲ့သူပါ။ ၅ နှစ်ကျော်ကြာခဲ့တဲ့အချစ်ရေးကို အဆုံးသတ်ပြီးနောက် တွယ်တာရာမရှိသေးတဲ့ Single ဘဝမှာ ပျော်မွေ့နေပါတယ်။

Photos: Thaiupdate

Pooklook Fonthip

မော်ဒယ်မင်းသမီးချော Pooklook Fonthip ကတော့ Mike Pattaradet နဲ့ ၂၀၂၁ နှစ်လယ်ကျော်မှာ လမ်းခွဲခဲ့ပါတယ်။ အချိန်တော်ကြာမိတ်ဆွေတွေဖြစ်ခဲ့ကြပြီးမှ တွဲခဲ့ကြပေမဲ့လည်း ခုချိန်မှာ မိတ်ဆွေတွေလိုပဲ ရှေ့ဆက်နေကြပါတယ်။ Pooklook ကတော့ အချစ်မရှိခါမှ အရင်ကထက်တောင် ပိုပြီး လှနေတော့တာပါပဲ။

Photos: Thaiupdate

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy