Thai Celebrity

သိန်းထောင်ချီတန်တဲ့ အိတ် (၄) လုံး အခိုးခံလိုက်ရကြောင်း အသိပေးလာတဲ့ Kimmy

ဒီဇင်ဘာလ (၂၀) ရက်နေ့မှာပဲ ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသမီးဖြစ်သူ Kimmy Kimberley ဟာ သူမရဲ့ သိန်းချီတန်တဲ့ လက်ကိုင်အိတ် (၄) လုံး အခိုးခံလိုက်ရကြောင်း အသိပေးလာခဲ့ပါတယ်။ ငွေကြေးချမ်းသာတဲ့မင်းသမီးဖြစ်တာနဲ့အညီ ရှားပါး Brand အိတ်တွေကို စုဆောင်းလေ့ရှိတဲ့ Kimmy ဟာ အခိုးခံလိုက်ရတဲ့ သူမရဲ့ လက်ကိုင်အိတ်တွေကို ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားနေပါတယ်။ အိတ်တွေကို အသိမပေးဘဲ ယူသွားသူ‌ဟာ နီးစပ်တဲ့သူ‌တွေဖြစ်နိုင်ကြောင်း Kimmy ကတော့ သံသယရှိနေပါတယ်။

အခိုးခံလိုက်ရတဲ့ အိတ်တွေကတော့ Hermes Constance 24 Black Epsom rose Gold hardware stamp A 2017, Hermes Birkin 30 Togo Black Gold hardware stamp T 2015, Hermes Birkin 30 Capucine (လိမ္မော်ရောင်ပြေးတဲ့ အနီ) togo stamp Q 2013 silver hardware နဲ့ Chanel boy bag 6 ဆိုပြီး သိန်းချီတန်တဲ့ တကယ့် Branded အိတ်တွေချည်းပါပဲ။ တော်ရုံလူ ဝင်ဖို့မလွယ်တဲ့ နေထိုင်ရာကွန်ဒိုအိမ်ရာမှာ အခုလို လက်စလက်နပျောက်သွားခဲ့တာကတော့ တကယ့်ခေါင်းစားစရာပါပဲ။

Kimmy ကလည်း “ဒီ (၄) အိတ်စလုံးက ဟိုးအရင်ကတည်းက ကျွန်မ ဝယ်ထားခဲ့တဲ့ အိတ်လေးတွေပါ။ ခုချိန်မှာ ပြန်ဝယ်ဖို့လည်း တော်တော်ခက်နေပါပြီ။ အကယ်၍များ ပြန်ရောင်းတာမျိုး၊ second-hand ဆိုင်တွေကို ပြန်သွင်းတာမျိုးများ တွေ့ခဲ့ရင် ကျေးဇူးပြုပြီး ကျွန်မရဲ့ မန်နေဂျာ Khun Su ကို ဆက်သွယ်ပေးကြပါနော်” ဆိုပြီး အကူအညီတောင်းခဲ့ပါတယ်။

မန်နေဂျာကို ဖြစ်စဉ်အား မေးမြန်းခဲ့တဲ့အခါ “အိတ်တွေက ပျောက်နေတာကြာပြီ။ ချက်ချင်းကြီး ၄ လုံးစလုံး ပျောက်သွားတာမဟုတ်ဘဲ တစ်အိတ်ချင်း ပျောက်သွားတော့ ဒါ အခိုးခံရတာ သေချာတယ်။ Kimmy က ကွန်ဒိုမှာ မရှိတာကို ကောင်းကောင်းကြီးသိတဲ့ အနီးကပ်လူလို့ပဲ ထင်တယ်။ ဒီကြားထဲ အိတ်တွေကလည်း မသုံးဖြစ်ဘူးလေ။ မကြာသေးခင်ကမှ Kimmy က လွယ်ဖို့ရှာလိုက်တော့ ပျောက်နေမှန်းသိတာ။ Sept – Oct လောက်ကတည်းက ပျောက်နေတယ်လို့ထင်တာပဲ။

ပြန်ရဖို့တော့ မလွယ်တော့ဘူးထင်ပါတယ်။ လုံခြုံရေးတင်းကြပ်တဲ့ ကွန်ဒိုမို့လို့ ခိုးယူသွားတာ အနီးကပ်လူပဲ.. သေချာတယ်။ အိတ် ၄ လုံး စုစုပေါင်းတန်ဖိုးက ဘတ် ၂ သန်း (မြန်မာကျပ်ငွေ သိန်း ၁၀၆၀) လောက်ရှိတယ်။ အိတ်တွေက ခုချိန်မှာ ရှာဖို့မလွယ်တဲ့ ရှားပါး Brand တွေဖြစ်နေပြီဆိုတော့ ပြန်ရဖို့ ကူညီကြပါ” ဆိုပြီး လက်ခံဖြေကြားခဲ့ပါတယ်။

Kimmy နဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေကလည်း လက်ကိုင်အိတ်တွေပြန်ရဖို့ ဝိုင်းဝန်းမျှဝေကာ ကူညီပေးနေကြပါတယ်။ တန်ဖိုးထားရတဲ့ လက်ကိုင်အိတ်တွေပျောက်သွားတော့ Kimmy လေး တော်တော် စိတ်မကောင်းဖြစ်နေလောက်ပါတယ်။ ကာလပေါက်ဈေးကလည်း တအားမြင့်နေတဲ့အပြင် ပျောက်တာလည်း ကြာလောက်ပြီဆိုတော့ ပြန်ရဖို့အတွက် မျှော်လင့်ချက်အနည်းငယ်ပဲ ရှိပါတော့တယ်။

Source: ThaiToday
Photos: Instagram
Translated by Ivy