Thai Celebrity

“ကျွန်တော်ဟာ အသည်းနုတဲ့ကောင်လေးပါ” ဆိုပြီး အင်တာဗျူးမှာ ဖြေသွားတဲ့ Mew Suppasit

ထိုင်းနိုင်ငံရဲ့ ဝက်ဝက်ကွဲအောင်မြင်မှုတွေရရှိနေတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူ Mew Suppasit ကတော့ အင်တာဗျူးတွေဖြေတိုင်း ပရိသတ်တွေကို အထူးစကားလေးတွေ ပြောတတ်တဲ့သူပါ။ နွေးထွေးတဲ့စရိုက်ရှိသူဖြစ်ပြီး နူးညံ့ခံစားလွယ်သူဖြစ်တာကြောင့်ပဲ ပရိသတ်တွေပေးတဲ့စာတွေကိုဖတ်ပြီး မျက်ရည်ဝဲခဲ့ရတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်။

Mew က “အခုတလောလေ ကျွန်တော်တွေးမိနေတာရှိတယ်။ ပင်ပန်းလာတဲ့အချိန်တိုင်းမှာ ကျွန်တော့်ကိုအားပေးကြတဲ့ပရိသတ်တွေရှိတယ်ဆိုတဲ့အသိနဲ့တင် အားတွေပြန်ပြည့်လာစေတယ်။ ပရိသတ်တွေဟာ ကျွန်တော့်ကိုအပန်းပြေစေတဲ့ အားဆေးတခွက်ပါပဲ။ ကျွန်တော့်‌ရဲ့ဘေးမှာ အမြဲတမ်းရှိပြီး အပြည့်အဝအားပေးနေကြတဲ့ပရိသတ်တွေတိုင်က တကယ်လည်းချစ်ဖို့ကောင်းကြပါတယ်။

တကယ်တော့ ကျွန်တော်ဟာ အသည်းနုတဲ့သူတစ်ယောက်မို့လို့ ပရိသတ်တွေပေးတဲ့စာတွေကို ဖတ်တိုင်း ကြည်နူးရလွန်းလို့ မျက်ရည်ပါဝဲတယ်။ သူတို့လေးတွေက ကုမ္ပဏီကနေတဆင့် ကျွန်တော့်ဆီကို စာတွေရေးပို့ကြတယ်။ ကျွန်တော်ကလည်း အားတဲ့အချိန်တိုင်း စာလေးတွေကို ဖတ်ဖြစ်ပါတယ်။ အားပေးတဲ့အကြောင်းတွေ၊ ကျွန်တော့်ကို ချီးကျူးထားတာတွေကိုဖတ်ပြီး တကယ်လည်းကျေးဇူးတင်မိသလို ဝမ်းသာရပါတယ်။ သူတို့လေးတွေကြောင့်ပဲ ရှေ့ဆက်အလုပ်လုပ်ဖို့ အားအင်သစ်တွေဖြစ်တည်လာတာပါ။

ကျွန်တော့် မနားရတဲ့အတွက် စိတ်ပူနေကြ‌သူလေးတွေလည်းရှိသေးတယ်။ ကျွန်တော်က အပြည့်အဝကို အနားယူပြီးပြီဖြစ်လို့ တအားကြီးစိတ်မပူကြပါနဲ့နော်။ ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းစားနေပါတယ်။ တခါတလေ အလုပ်များတော့ တနေ့ကို ၈ နာရီပြည့်အောင်မအိပ်နိုင်ပေမဲ့ အတတ်နိုင်ဆုံး အိပ်ချိန်များများရအောင် ကြိုးစားနေပါတယ်” လို့ ရင်တွင်းဖြစ်ခံစားချက်တွေနဲ့တကွ သူ့ရဲ့တနေ့တာကို ပရိသတ်တွေထံအသိပေးခဲ့ပါတော့တယ်။

ပရိသတ်တွေဆန္ဒအတိုင်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးတတ်တဲ့ Mew ဟာ အားပေးတိုက်တွန်းနေတဲ့ပရိသတ်တိုင်းကို အမြဲတမ်း ကျေးဇူးတင်နေတတ်တဲ့သူပါ။ သီချင်းတွေကို မြတ်နိုးသူဖြစ်လို့ ဆန်းသစ်တဲ့ထိုင်းသီချင်းတွေကိုဖန်တီးရင်း တဖက်မှာလည်း ဇာတ်လမ်းသစ်မှာ လက်ခံရိုက်ကူးဖို့ကို ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။

Source: TNN Channel
Photos: Trendsmap
Translated by Ivy