EXO-L အကြီးစားဖြစ်သလို ပညာရေးဖက်မှာလည်း ထူးချွန်တဲ့ F4 မင်းသမီးလေး Tu Tontawan အကြောင်း

Posted on

လက်ရှိပြသနေတဲ့ F4 Thailand ကားနဲ့ ပရိသတ်တွေရဲ့အချစ်ကို ရရှိနေသူလေး Tu Tontawan ဟာ ၂၀၀၀ ခုနှစ် November 7 ရက်နေ့မှာ ဖွားမြင်ခဲ့သူဖြစ်လို့ အသက် (၂၀) အရွယ်ပဲ ရှိပါသေးတယ်။ Tu ဟာ GMMTV ရဲ့ တက်သစ်စ မင်းသမီးတစ်ဦးဖြစ်ပြီး F4 Thailand ထဲမှာ Gorya အဖြစ် သရုပ်‌ဆောင်နေတဲ့ မင်းသမီးလေးအကြောင်းကတော့ စိတ်ဝင်စားစရာပါပဲ။

• Tu အတွက် F4 Thailand (2021) ဟာ ပွဲဦးထွက်ဇာတ်လမ်းဖြစ်ပြီး ပထမဆုံးအနေနဲ့ အဓိကခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ၂၀၂၀ တုန်းကတော့ Billkin နဲ့အတူ Waruntorn Paonil (Ink) ရဲ့ “Tired” သီချင်းမှာ ပါဝင်သရုပ်ဆောင်ဖူးပါတယ်။

• Tu ဟာ သရုပ်ဆောင်၊ ဂီတပညာရှင် Tonhon Tantivejakul ရဲ့ ညီမငယ်ဖြစ်ပြီး Chulalongkorn University ရဲ့သရုပ်ပြကျောင်းကနေ အထက်တန်းအောင်မြင်ထားပါတယ်။ လက်ရှိမှာတော့ Chulalongkorn တက္ကသိုလ်မှာ ‌သွားဆေးအထူးပြုအဖြစ် တက်ရောက်နေပါတယ်။

• Tu ကတော့ ၂၀ ကျော် လူငယ်လေးဆိုတဲ့အတိုင်း Kpop Fangirl တစ်ဦးပါ။ အထူးသဖြင့် EXO – L အကြီးစားကြီးဖြစ်ပြီး NCT နဲ့ Red Velvet တို့ကိုလည်း Stan ပြန်ပါသေးတယ်။ EXO ထဲမှာ သူမရဲ့ Bias က Sehun ဖြစ်ပြီး Concert တွေအထိကို သွားရောက်အားပေးခဲ့သူလေးပါပဲ။

• ကလေးဘဝတုန်းက သူမရဲ့ သွားတွေဟာ မညီတာကြောင့် Brace တပ်ခဲ့ရပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်ချက်မရှိခဲ့ရှာပါဘူး။ ဒါကြောင့်မို့လို့လည်း သူမဟာ သွားဆေးအထူးအဖြစ် အဓိကထား လေ့လာနေတာဖြစ်ပါတယ်။

• Tu ဟာ ၂၀၂၂ မှာ‌ June Wanwimol, Gunsmile Chanagun တို့နဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ 10 Years Ticket ဇာတ်လမ်းသစ်လေး ထွက်လာဖို့ရှိပါတယ်။

Source: MDL
Photos: Instagram
Translated by Ivy