၂၀၂၁ အတွင်း အထူးချွန်ဆုံးအနုပညာဖန်တီးမှုများအား ချပြနိုင်ခဲ့တဲ့ ထိုင်းကြယ်ပွင့် (၅) ဦး

Posted on

၂၀၂၁ တစ်နှစ်တာကုန်ဆုံးတော့မှာဖြစ်လို့ တနှစ်ပတ်လုံးအနုပညာဖန်တီးမှုတွေကို ‌စိစစ်လိုက်တဲ့အခါ အထူးချွန်ဆုံးအမျိုးသမီးများစာရင်းကို Bangkok Poll က‌ ကြေညာခဲ့ပါတယ်။ ဒီစာရင်းမှာတော့ အဆင့်အလိုက် Top 1-5 အထိပဲ ဖော်ပြထားတာဖြစ်ပါတယ်။

(1) Bella Ranee

၂၀၂၁ စာရင်းရဲ့ အဆင့် (၁) နေရာကို ရယူပိုင်ဆိုင်ထားသူကတော့ Dare to Love: Hai Ruk Pipaksa ဇာတ်လမ်းသစ်နဲ့ ထိုင်းရုပ်ရှင်လောကကိုဦးဆောင်ခဲ့တဲ့ ထိပ်တန်းမင်းသမီးတလက်ဖြစ်သူ Bella Ranee ဖြစ်ပါတယ်။ စိစစ်သတ်မှတ်ချက်ရဲ့ 25.3 % အထိ ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

(2) Blackpink’s Lisa

အဆင့် (၂) နေရာမှာတော့ 16.2% နဲ့ Kpop Idol ဖြစ်သူ ထိုင်းကြယ်ပွင့် Lisa Manoban က ရပ်တည်နေပါတယ်။ BLACKPINK နဲ့ အောင်မြင်မှုတွေသိမ်းပိုက်နေသူလေး Lisa ဟာ ၂၀၂၁ မှာ တကိုယ်တော်အယ်လ်ဘမ်ထွက်ခဲ့ပြီး နိုင်ငံအနှံ့အပြားမှာ လွှမ်းမိုးနိုင်ခဲ့တဲ့အပြင် ကမ္ဘာ့ဂီတလောကထဲမှာလည်း စံချိန်တွေတင်ထားခဲ့ပါတယ်။

(3) Tai Orathai

12.5% ဖြင့် စာရင်းရဲ့ တတိယနေရာကို ပိုင်ဆိုင်ထားသူကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအမျိုးသမီးတေးသံရှင် Tai Orathai ဖြစ်ပါတယ်။ Tai-Orathai ဟာ နယူးယော့ခ်မှာရှိတဲ့ Billboard Times Square မှာတောင် Featuring လုပ်ပေးမယ့် GMM Grammy ရဲ့ အနုပညာရှင်လည်းဖြစ်တာကြောင့် စာရင်းထဲမှာ ပါဝင်လာတာလည်းဖြစ်ပါတယ်။

(4) Anne Thongprasom

“Are We Alright?” ဇာတ်လမ်းသစ်နဲ့ (၆) နှစ်ကြာပြီးမှ သရုပ်ဆောင်လောကထဲကို ပြန်ဝင်လာခဲ့သူ Anne Thongprasom ဟာ လက်ရှိအချိန်မှာ ပြည်တွင်းပြည်ပ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေပါတယ်။ Anne ဟာ စစ်တမ်းရဲ့ 8% တိတိကို ရရှိခဲ့တာကြောင့် အဆင့် (၄) နေရာကနေ တနှစ်တာပတ်လုံးအထူးချွန်ဆုံးစာရင်းမှာ ပါလာခဲ့တာဖြစ်ပါတယ်။

(5) Aum Patchrapa

ထိုင်းနိုင်ငံရဲ့ ကြေးအကြီးဆုံးမင်းသမီးတလက်ဖြစ်တဲ့ ဝါရင့်မင်းသမီးချော Aum Patchrapa ကတော့ အဆင့် (၅) နေရာမှာ ရောက်ရှိလို့နေပါတယ်။ Aum ဟာ ၂၀၂၁ ထဲမှာ ဇာတ်လမ်းသစ်ထွက်ထားတာမျိုးမရှိပေမဲ့လည်း အခြားသော အနုပညာလှုပ်ရှားမှုတွေနဲ့ မီဒီယာလွှမ်းမိုးမှုအားကောင်းတာကြောင့် စာရင်းထဲမှာ 6.5% နဲ့ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by NayChi