ပရိသတ်များ ရွေးချယ်သတ်မှတ်လိုက်တဲ့ ၂၀၂၁ အကောင်းဆုံး ထိုင်းမင်းသားများ နှင့် မင်းသမီးများ

Posted on

ထိုင်းသရုပ်ဆောင်များ သီးသန့် ရွေးချယ်က မဲပေးစေတဲ့ ‘E-Saan Poll’ ဟာ ထိုင်းပရိသတ်ကြီးများကြားမှာတော့ နာမည်ကြီးပါတယ်။ အကြီးဆုံး Voting Site တစ်ခုဖြစ်ပြီး ပရိသတ်တွေပေး‌တဲ့ ရလဒ်တွေကိုတောင် အနုပညာရှင်တွေ သိထားကြပါတယ်။ ၂၀၂၁ အတွက် အကောင်းဆုံး ထိုင်းမင်းသားများနှင့် မင်းသမီးများ ဂုဏ်ပုဒ်ကို ရရှိသွားသူများ စာရင်းက ပေါ်ထွက်လာပါပြီ။

Actors of The Year

(1) Nadech Kugimiya

၂၀၂၁ အတွက် အကောင်းဆုံးမင်းသားအဖြစ် ပရိသတွေကသတ်မှတ်ကာ အဆင့် (၁) ပေးခံလိုက်ရသူကတော့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသား Nadech Kugimiya ဖြစ်ပါတယ်။ စာရင်းတစ်ခုလုံးရဲ့ 15.3% ကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပါတယ်။

(2) Weir Sukollawat

ထိပ်တန်းမင်းသား Weir Sukollawat ကတော့ အဆင့် (၂) နေရာကို 10.3% နဲ့ ရယူထားတာပါ။ ၂၀၂၁ အတွင်း ဇာတ်လမ်းသစ်ထွက်ခဲ့သလို တဖက်ကလည်း ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ပရိသတ်ကြားမှာ ရေပန်းစားနေခဲ့ပါတော့တယ်။

(3) Mark Prin

အဆင့် (၃) နေရာမှာတော့ 7.2% နဲ့ Mark Prin က ရောက်ရှိလို့နေပါတယ်။ ၂၀၂၁ အတွင်း Mark Prin ရဲ့ ဇာတ်လမ်းနဲ့ရုပ်ရှင်တွေကို အကြိုက်ကြည့်ခဲ့ရသလို ချစ်သူ Kimmy နဲ့ လက်ထပ်မယ့်သတင်းဟာ ပရိသတ်များအား လှုပ်ရွစေခဲ့ပုံပါပဲ။

Actresses of The Year

(1) Bella Ranee

၂၀၂၁ ကတော့ ထိပ်တန်းမင်းသမီးချော Bella Ranee ရဲ့ နှစ်တစ်နှစ်ပါပဲ။ “Dare to Love: Hai Ruk Pipaksa” ထဲက ရှေ့နေမလေး ဇာတ်ကောင်ဟာ ပရိသတ်တွေကို တော်တော်လေးဖမ်းစားနိုင်ခဲ့ပြီး Bella ရဲ့ သတင်းတွေက ဟိုးလေးတကျော်ဖြစ်နေခဲ့တာပါ။ ၂၀၂၁ အတွက် အကောင်းဆုံးမင်းသမီးဂုဏ်ပုဒ်ကို 18.2% နဲ့ အဆင့် (၁) ကနေ ပိုင်ဆိုင်ထားခဲ့ပါတယ်။

(2) Yaya Urassaya

Yaya Urasaya ကတော့ ဇာတ်လမ်းသစ်မထွက်တာ ၁ နှစ်ကျော်ရှိခဲ့ပါပြီ။ ၂၀၂၁ အတွင်း မျှော်လင့်ထားသမျှ ဇာတ်လမ်းသစ်တွေက မထွက်လာခဲ့တာကြောင့် ပရိသတ်တွေက Yaya ကို တောင့်တနေကြပါတယ်။ ဒီအတွက် မဲရလဒ်ရဲ့ 12.2% နဲ့ အဆင့် (၂) နေရာကို သိမ်းပိုက်ထားခဲ့ပါတော့တယ်။

(3) Taew Natapohn & Aum Patchrapa

၂၀၂၁ အတွက် အကောင်းဆုံးမင်းသမီး – အဆင့် (၃) နေရာမှာတော့ Taew Natapohn နဲ့ Aum Patchrapa တို့က ပူးတွဲအနိုင်ရခဲ့ပါတယ်။ ၂ ဦးစလုံးက ပရိသတ်အခိုင်အမာရှိကြသူတွေဖြစ်တာကြောင့် အပြိုင်အဆိုင်မဲပေးကြရင်း ရလဒ်က 6.1% ဆိုပြီး အတူတူထွက်လာခဲ့ပါတော့တယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by NayChi