သူ့ရဲ့စိတ်ဝိဉာာဉ်အား ဆွဲဆောင်ထားနိုင်သူအကြောင်း အသေးစိတ်ပြောပြခဲ့တဲ့ Jungkook

Posted on

ကိုယ် မြတ်နိုးရတဲ့ Idol တွေနဲ့ပတ်သက်လာရင် သူတို့နှစ်သက်တဲ့အပြုအမူ၊ အပြောအဆို၊ အကျင့်စရိုက် စသဖြင့် အသေးစိတ် မှတ်သားတတ်ကြတာ ပရိသတ်တွေရဲ့သဘာဝပါပဲ။ မကြာသေးခင်ကတော့ BTS အဖွဲ့ဝင် Jungkook ဟာ သူ့ကို ဆွဲဆောင်နိုင်နေတဲ့ ဖြစ်တည်မှုပုံစံနဲ့ပတ်သက်လို့ အသေးစိတ်ကို GQ KOREA နဲ့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ပါတယ်။

အင်တာဗျူးမှာ “ပိုပြီးဆွဲဆောင်မှုရှိတဲ့လူတစ်ဦးဖြစ်ဖို့ ဘယ်လိုခံယူချက်သဘောထားတွေနဲ့ ပြင်ဆင်နေထိုင်ပါသလဲ?” ဆိုပြီး မေးမြန်းခဲ့ပါတယ်။ ဒါကို JungKook က “ကျွန်တော့်အတွက် ကိုယ်အကြိုက်ဆုံး အမြင်ကိုပြောရရင် ကိုယ်လုပ်နေတဲ့အရာမှာ တအားကိုထက်မြက်ကောင်းမွန်နေတဲ့သူတွေက အပြည့်အဝကို ဆွဲဆောင်နိုင်လွန်းတယ်။ ဘယ်အချိန်မဆို ကိုယ်လုပ်ရမယ့်အလုပ်နဲ့ပတ်သက်လာရင် အကောင်းဆုံးလုပ်တတ်တဲ့သူမျိုးကို ကျွန်တော် သိပ်သဘောကျတာပဲ။

ပြီးတော့ မတူညီတဲ့ ဝါသနာမျိုးစုံရှိတဲ့သူတွေကိုလည်း ကြိုက်တယ်။ ကျွန်တော်နဲ့ နှလုံးသားချင်း နီးစပ်တယ်လို့ ခံစားရတာမျိုးပေါ့။ ဒီလိုပုံစံရှိတဲ့လူတွေကို သဘောကျနှစ်သက်တာဖြစ်လို့ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ်လုပ်ရမယ့်အလုပ်ဆိုရင် ကောင်းကောင်းလုပ်ရမယ်ဆိုပြီး ခံစားရပါတယ်” ဆိုပြီး ဖြေသွားခဲ့ပါတယ်။

အသေးစိတ်တဲ့ အဖြေကိုကြားပြီးနောက် မိန်းကလေးဆိုရင်ကော ဒီလိုပုံစံမျိုးရှိတဲ့ကောင်မလေးကို သဘောကျမလားဆိုပြီး ARMY တွေကြားမှာ ဝုန်းဆန်သွားခဲ့ကြပါသေးတယ်။ Jungkook ကို ဆွဲဆောင်နိုင်ဖို့ဆိုရင်တော့ အလုပ်ကို သေသေချာချာလုပ်နေတတ်သူဖြစ်ဖို့တော့ လိုလိမ့်မယ်ထင်ပါတယ်နော်။

Source: SBSstar
Photos: BigHit Music
Translated by NayChi