(၉) နှစ်ကြာပြီးနောက် မျှော်လင့်ထားတဲ့အတိုင်း ပြန်လည်ဆုံဆည်းနိုင်ခဲ့ကြတဲ့ Nadech နဲ့ Kimmy

Posted on

Thai TV3 ရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဟာ ဇာတ်လမ်းသစ်တွေကို အတူတွဲဖက်ရိုက်ကူးတိုင်း မပေါက်တဲ့ကားဆိုတာ မရှိပါဘူး။ ဝက်ဝက်ကွဲလူကြိုက်များတဲ့အထိ TV3 က သရုပ်ဆောင်တွေက အရည်အချင်းရှိကြတာကို အားလုံးလည်းသိထားကြပါတယ်။ နှစ်သစ်ထဲမှာ ပရိသတ်တွေအတောင့်တဆုံးဖြစ်တဲ့ Thai TV3 ဒိတ်ဒိတ်ကြဲ ၂ ဦးဖြစ်သူ Nadech Kugimiya နဲ့ Kimmy Kimberley တို့ဟာ မျှော်လင့်နေကြတဲ့အတိုင်း တဖန် ပြန်လည် ဆုံဆည်းနိုင်ခဲ့ကြပါပြီ။

January 10 ရက်နေ့တုန်းကပဲ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမီဒီယာကြီးတစ်ခုဟာ Nadech Kugimiya နဲ့ Kimmy Kimberley တို့ရဲ့ တွဲဖက်ရိုက်ကူးမယ့် သတင်းကောင်းကို ပရိသတ်တွေထံ အသိပေးခဲ့ပါတယ်။ Nadech နဲ့ Kimmy တို့က မကြာခင် Thai TV3 က ရိုက်ကူးပြသသွားမယ့်ဇာတ်လမ်းသစ်ထဲမှာ အဓိကဇာတ်လိုက်များအဖြစ် ပါဝင်သွားမယ်လို့ ဆိုပါတယ်။

ထုံးစံအတိုင်း Thai TV3 ဟာ အသစ်ရိုက်ကူးမယ့် ဇာတ်လမ်းသစ်အကြောင်း နာမည်လည်း ဖော်ပြပြောဆိုခြင်းမရှိသေးသလို ဇာတ်လမ်းအသေးစိတ်ကိုပါ လျှို့ဝှက်ထားတာပါ။ ပြောရရင် Nadech နဲ့ Kimmy ဟာ ၂၀၁၃ တုန်းက ထွက်ခဲ့တဲ့ Raeng Prathana တုန်းက ပထမဆုံးအကြိမ် တွဲဖက်သရုပ်ဆောင်ဖူးကြပါတယ်။ ပရိသတ်တွေက Chemistry မိလွန်းတဲ့ ဒီအတွဲကို ပြန်လည်ဆုံဆည်းပြီး ဇာတ်လမ်းသစ်ရိုက်ကူးစေချင်ခဲ့ကြတာ ကြာလှပါပြီ။ (၉) နှစ်ကြာပြီးနောက်မှာတော့ Nadech နဲ့ Kimmy ရဲ့ ဇာတ်လမ်းသစ်ဟာ ပရိသတ်တွေရှေ့မှောက်ကို သိပ်မကြာခင်ပဲ ရောက်လာတော့မှာပါ။

သိပ်မကြာသေးခင်တုန်းက Kimmy ဟာ အလုပ်တွဲလုပ်ဖူးတဲ့မင်းသားတလက်နဲ့ ဇာတ်လမ်းသစ်ရိုက်ကူးဖို့ရှိကြောင်း အရိပ်အမြွက်ပြောခဲ့ဖူးပါသေးတယ်။ ထိုစဉ်က သူမရဲ့ချစ်သူ Mark Prin ဖြစ်နေမယ်လို့ ခန့်မှန်းခဲ့ကြပါပေမဲ့ အခုချိန်မှာတော့ ရှင်းရှင်းလင်းလင်းသိခဲ့ရပါပြီ။ ဆယ်စုနှစ်နီးပါးကြာပြီးမှ ပြန်လည်းတွဲဖက်ခဲ့ကြတဲ့ ထိပ်တန်းသရုပ်ဆောင် ၂ ဦးရဲ့ ဇာတ်လမ်းသစ်ဟာ ဘယ်လိုနေမလဲဆိုတာကို ရင်ခုန်လှပါတယ်။

လက်ရှိမှာ Nadech Kugimiya က Yaya နဲ့အတူ period drama Lai Kinaree ကို ရိုက်ကူးနေပြီး Kimmy Kimberley ကတော့ လာမယ့် Mor Luang ဒရမ်မာကားသစ်ကို Mario Maurer နဲ့ တွဲဖက်ရိုက်ကူးဖို့ ရှိပါသေးတယ်။ ပရိသတ်တွေရဲ့ ဆန္ဒတွေလည်း ပြည့်သွားခဲ့ပြီမို့လို့ စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်နော်။

Source: Thaiupdate
Photos: Thaiupdate
Translated by NayChi