Celebrity News

Webtoon ​ကို အ​ခြေခံထားတဲ့ drama အသစ်တစ်ခုမှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်သွားဦးမယ့် Chae Jong Hyeop

ဇန်နဝါရီလ ၁၂ ရက်​နေ့မှာ Sports Chosun အပါအဝင် ​တောင်ကိုရီးယားသတင်းမီဒီယာ အများအပြားက တက်သစ်စမင်းသား Chae Jong Hyeop ဟာ KT Studio Genie ရဲ့ မူလစီးရီး ‘Unlock the Boss’ မှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်​ဆောင်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ နာမည်တူ Naver webtoon​ ပေါ်မှာ အ​ခြေခံထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ထူးဆန်းတဲ့ စမတ်ဖုန်းတစ်လုံးထဲမှာ ပိတ်မိ​သွားတဲ့ သူ​ဌေးတစ်ဦးနဲ့ ဒီဖုန်းကို ​ကောက်ရပြီး​နောက် သူ​ဌေးကို ကယ်ထုတ်သွားမယ့် လူတစ်​ယောက်အ​ကြောင်းကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Chae Jong Hyeop က​တော့ စမတ်ဖုန်းကို ​ကောက်ရပြီး​နောက် ထူးထူးဆန်းဆန်းအဖြစ်​တွေကို စတင်ကြုံ​တွေ့လာရမယ့် Park In Sung အဖြစ် သရုပ်​​ဆောင်ရမှာဖြစ်ပါတယ်။ ပရိသတ်​တွေဟာ Park In Sung က သူ့ရဲ့ သူ​ဌေးဖြစ်သလို ဖုန်းထဲမှာ ပိတ်မိ​​နေတဲ့ Kim Sun Joo ကို ဘယ်လိုကယ်တင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ​စောင့်​မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကို​တော့ Kim Hyung Min က​ရေးသားထားပြီး ဒါရိုက်တာ Lee Chul Ha က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ မင်းသား Chae Jong Hyeop ရဲ့ ​အေဂျင်စီက​တော့ တစ်စုံတစ်ရာတုံ့ပြန်ထားခြင်း မရှိ​သေးပါဘူး။

တက်သစ်စ​ငွေကြယ်ပွင့်တစ်ဦးဖြစ်တဲ့ Chae Jong Hyeop ဟာ ၂၀၁၉ ခုနှစ်က ‘Hot Stove League’ ဇာတ်လမ်းတွဲနဲ့ စတင်ပွဲဦးထွက်ခဲ့ပြီး​​နောက် ‘Sisyphus: The Myth’ နဲ့ ‘Nevertheless’ ဇာတ်လမ်းတွဲ​တွေမှာလည်း ပါဝင်ခဲ့ပြီး ပရိသတ်​တွေရဲ့ အချစ်ကို စတင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ယခင်နှစ်က ‘The Witch’s Diner’ ဇာတ်လမ်းတွဲမှာ ​ပထမဆုံးအကြိမ် ​ခေါင်း​ဆောင်မင်းသားအဖြစ် သရုပ်​ဆောင်ခဲ့ပြီး ကြည့်ရှုသူ​တွေရဲ့ နှလုံးသားကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။ လက်ရှိမှာလည်း သူဟာ ‘Going to You at a Speed of 493km’ ဆိုတဲ့ ဇာတ်လမ်းတွဲကို မင်းသမီး Park Joo Hyun နဲ့ ရိုက်ကူးလျက်ရှိပါတယ်။

Source : zapzee, kdramastars
Photo : Instagram
Written : ZL