BL Adaptation နဲ့ Survival Show များအား လုံးဝအပြီးသတ်ရပ်နားပစ်ဖို့ ပြည်မကြီးအစိုးရ စီစဉ်

Posted on

ချိုင်းနားရဲ့အနုပညာလောကဟာ ကန့်သတ်ချက်တွေများကြောင်း ပရိသတ်ကြီး‌တိုင်း သိထားကြမှာပါ။ ပြီးခဲ့တဲ့ ၂၀၂၁ ကတည်းကတိုင် ဇာတ်လမ်းတွဲရိုက်ကူးမှုတွေနဲ့ ရှိုးတွေရိုက်ကူးမှုများအား ထိန်းချုပ်ကန့်သတ်လာပြီးနောက် ပြည်မကြီးရဲ့ ရုပ်သံထုတ်လွှင့်မှုပိုင်းဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူက Idol Survival Show များနဲ့ BL Adaptation ရုပ်ရှင်ဇာတ်လမ်းများအား လုံးဝဥဿုံ တားမြစ်လိုက်ဖို့ စီစဉ်သင့်ကြောင်း အကြုံပြုခဲ့ပါတယ်။

ဒါရိုက်တာရဲ့တင်ပြချက်တွေထဲမှာ “အတွင်းကျတဲ့ လေ့လာဆန်းစစ်ချက်တွေအရ Idol တွေကို Online ကနေ ရွေးချယ်ခွင့်ရှိတဲ့ Survival Show များအပြင် Danmei Adaptation ရုပ်ရှင်၊ ဇာတ်လမ်းများအားလုံးအား ချွင်းချက်မရှိရပ်တန့်ပစ်‌ရန်၊ သင့်တော်တဲ့ အွန်လိုင်းရုပ်ရှင်များ၊ ဇာတ်လမ်းတိုများအား ဖန်တီးခွင့်ပြုနိုင်ရန်၊ Live Broadcasting လုပ်တဲ့ပွဲစဉ်များအား အသေးစိတ်စစ်ဆေးရန်.. စတဲ့ အချက်များဖြင့် ပြည်တွင်းမှာ ကောင်းမွန်သန့်ရှင်းတဲ့အွန်လိုင်းအသိုက်အဝန်း ပေါ်ပေါက်ဖို့ အားသွန်ခွန်စိုက်ကြိုးစားကြရမည်ဖြစ်ကြောင်း” အဓိကထား ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတည်းက အနုပညာလောကနဲ့ ပရိသတ်များကြား ပတ်သက်မှုတွေ ပိုမိုပြင်းထန်ပြီး ဆိုးရွားမလာစေဖို့အတွက် ဒီဥပဒေကို စီမံကိန်းချနေတာဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အနုပညာဖန်တီးမှုများနဲ့ Danmei Adaptation တွေ ရေပန်းစားလာခြင်းများအား တားမြစ်ပိတ်ပင်ပြီး Boycott လုပ်ဖို့အထိ စည်းကမ်းချတိုက်တွန်းခဲ့ပါသေးတယ်။ ချိုင်းနားကနေ Bromance ကားတွေ အများအပြားထွက်လာဖို့ရှိနေပြီး အထူးသဖြင့် ၂၀၂၀ ကတည်းက ရိုက်ကူးပြီးစီးခဲ့တဲ့ Immortality ဇာတ်လမ်းတွဲနဲ့ ၂၀၂၂ ထဲမှာ အပြီးသတ်မယ့် Eternal Faith (Heaven Official’s Blessings) တို့ကတော့ အသစ်ချမှတ်တဲ့စည်းကမ်းတွေကြောင့် ဘယ်လိုပုံစံမျိုးနဲ့ ထွက်လာမလဲဆိုတာကို ခန့်မှန်းရခက်နေခဲ့ပါတယ်။

ဇာတ်လမ်းတွေကိုမျှော်နေကြတဲ့ BL ပရိသတ်ပေါင်းများစွာကလည်း Bromance ဇာတ်လမ်းသစ်များအတွက် စိုးရိမ်နေကြပါတယ်။ တချို့ကတော့ အစိုးရရဲ့ လုပ်ရပ်က မှန်ကန်တယ်ဆိုပြီး အားပေးထောက်ခံနေကြပါတယ်။ အနုပညာရှင်တွေအနေနဲ့ သာမန်ဇာတ်လမ်းတွဲတွေရိုက်ကူးဖို့ထက် Bromance ဇာတ်လမ်းတွေရိုက်ရင်း နာမည်ကျော်ကြားမှုရှာတာမျိုးကို တားမြစ်သင့်ကြောင်း အကြံပြုခဲ့ကြပါသေးတယ်။ အနုပညာဖန်တီးမှု လွတ်လပ်ခွင့်အနေနဲ့‌ကြည့်ရင်တော့ ပရိသတ်ပေါင်းများစွာက အတော်လေးစိတ်ပျက်နေကြပြီး လူငယ်တွေအနေနဲ့ ပြည်တွင်းရုပ်သံလိုင်းတွေကို ကြည့်မှာကိုမဟုတ်တော့ကြောင်း ပြောဆိုခဲ့ကြပါတော့တယ်။

Source: Sina
Photos: Studio
Translated by NayChi