‘2PM’s Junho’ လို့ အခုချိန်ထိ သုံးနှုန်းမိတ်ဆက်ရတဲ့အကြောင်းအရင်းအား ပြောပြခဲ့တဲ့ Junho

Posted on

The Red Sleeve နဲ့ ပိုမိုအောင်မြင်ကျော်ကြားလာတဲ့ 2PM အဖွဲ့ဝင် Junho ကတော့ အဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့ပြီးနောက် မင်းသားအဖြစ်ပါ အောင်မြင်စွာအခြေချနေနိုင်ခဲ့ပြီဖြစ်ပါတယ်။ မကြာသေးခင်က အင်တာဗျူးမှာတော့ သူ့အနေနဲ့ ယခုအချိန်အထိ ‘2PM’s Junho’ လို့ သုံးနှုန်းနေရတဲ့အကြောင်းအရင်းအား ရှင်းပြသွားခဲ့ပါတယ်။

Junho က “အတိတ်တုန်းက 2PM အဖွဲ့နဲ့ အနုပညာလှုပ်ရှားစဉ်ကတည်း ဒီအကြောင်းတွေကို မကြာခဏပြောဖြစ်ခဲ့ပြီးပြီထင်ပါတယ်။ ကျွန်တော့်ရဲ့ နာမည်ကို အသုံးပြုပြီး 2PM နဲ့ ဆက်လက်လှုပ်ရှားခွင့်နည်းလားတဲ့အချိန်တွေရောက်လာတဲ့အခါ ရင်ထဲနာကျင်ရပြီး မကောင်းသလိုမျိုးလည်း ခံစားခဲ့ရဖူးတယ်။ ကျွန်တော် ပွဲဦးထွက်ခဲ့တာ ၁၄ နှစ်နီးပါးရှိတော့မယ်။ အဖွဲ့လိုက် လှုပ်ရှားမှုတွေနည်းသွားတဲ့အခါ ရင်တွေကွဲခဲ့ရတာပေါ့။ သရုပ်ဆောင်ပိုင်းကို ကူးပြောင်းလာရင်းနဲ့ အဆိုတော်အလုပ်ကိုလည်း ဆက်လက်လုပ်ကိုင်ရင်း အချစ်တွေအများကြီး လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စိတ်နှလုံးသားကတော့ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ‘2PM’s Junho’ လို့ သုံးနှုန်းရတာ ဖြစ်သင့်တာပဲလို့ ခံယူထားပါတယ်။

ထူးထူးခြားခြားရယ်လို့ မရှိပါဘူး။ ဒီဖက်ခေတ် ကလေးတွေက ကျွန်တော့်ကို သရုပ်ဆောင်လို့ပဲ သိထားကြတယ်လေ။ ဘာလို့လဲဆိုတော့ 2 PM နဲ့ ရှိတုန်းက ပုံစံနဲ့ တော်တော်ကြီးကွဲထွက်ပြီး မတူတော့ဘူးကိုး။ ပြီးတော့ 2PM အဖွဲ့ ရှိမှန်းမသိတဲ့ ပရိသတ်တွေလည်း ရှိသေးတယ်လေ။ ပွဲအခမ်းအနားတွေတက်တဲ့အခါ မင်းသားတစ်ဦးအဖြစ်ပဲ ပွဲတက်တက်၊ အဆိုတော်အနေနဲ့ပဲ ပွဲတက်တက်.. အကုန်လုံးအဆင်ပြေသားပဲ။ အခု သရုပ်ဆောင်နယ်ပယ်ထဲရောက်နေသရွေ့ ကျွန်တော် အကောင်းဆုံးသရုပ်ဆောင်နိုင်နေရင် ပြီးတာပါပဲ” ဆိုပြီး ဖြေခဲ့ပါတော့တယ်။

တကယ်လည်း ယနေ့ခေတ်ပရိသတ်တွေက 2nd Kpop Generation ထဲက အဖွဲ့တချို့ကို လက်လှမ်းမမီကြတော့ပါဘူး။ အရင်ကတည်းကတိုင် Kpop ကို မြတ်နိုးသူများကတော့ 2PM ရဲ့ သီချင်းတွေကို နားရည်ဝနေခဲ့ပါတယ်။ Junho ကိုယ်တိုင်ကလည်း သူ့ရဲ့ အဖွဲ့ 2PM ကို အခုချိန်ထိ ဂုဏ်ယူစွာနဲ့ ပြောဆိုနေတုန်းပဲဖြစ်ပါတော့တယ်။

Source: Kstarlive
Photos: Kstarlive
Translated by NayChi