Celebrity News

မြန်မာပရိသတ်​တွေအတွက် စိတ်ပူ​ပေးပြီး မြန်မာနိုင်ငံကို လာလည်ချင်​ကြောင်း ​ပြောကြားခဲ့တဲ့ WINNER အဖွဲ့ဝင်​ဟောင်း Nam Tae Hyun

Nam Tae Hyun ဟာ ၂၀၁၃ ခုနှစ်က YG Entertainment လက်​အောက်က​နေ WINNER အဖွဲ့ဝင်တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့တာ​ကြောင့် မြန်မာပရိသတ်​တွေိနဲ့ ရင်းနှီး​ပြီးသား K-Pop အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ​တော့ သူဟာ WINNER အဖွဲ့က​နေ နုတ်ထွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ​တော့ South Club ဆိုတဲ့ band တစ်ခုကို ဖွဲ့စည်းကာ ထို band ရဲ့ ​ခေါင်း​ဆောင်၊ အဆိုရှင်၊ ​တေး​ရေးဆရာ၊ ထုတ်လုပ်သူ၊ ဂီတာတီးသူအဖြစ် ​အနုပညာအလုပ်​တွေကို ဆက်လက်လုပ်​ဆောင်လျက်ရှိပါတယ်။ Nam Tae Hyun ဟာ မြန်မာပရိသတ်​တွေနဲ့လည်း အဆက်အသွယ်မပြတ်ရှိ​နေပြီး မြန်မာနိုင်ငံရဲ့ အ​ခြေအ​​နေ​တွေကိုလည်း သိသင့်သ​​လောက် သိထားပါတယ်။

ဒါ​ကြောင့် သူဟာ မကြာ​သေးခင်က မြန်မာပရိသတ်​တွေကို စိတ်ပူ​ပေးခဲ့ပြီး အား​ပေးစကားထပ်မံ​ပြောကြားခဲ့ပြန်ပါတယ်။ Nam Tae Hyun ဟာ ဇန်နဝါရီလ ၁၁ ရက်​နေ့က Twitch app က​နေ ခါတိုင်းလိုပဲ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုပြုလုပ်ခဲ့တာပါ။ အဲ့ဒီလို တိုက်ရိုက်ထုတ်လွှင့်​​နေစဉ်အတွင်း သူက “ကိုဗစ်​ရောဂါကြီးပြီးသွားရင် အားလုံးနဲ့ ​တွေ့ချင်တယ်” လို့ ​ပြောခဲ့ပါတယ်။ ထိုအခါ live ကို ကြည့်​နေကြတဲ့ ပရိသတ်​တွေက “ဘရားဇီးကိုလာပါ”၊ “ထိုင်းကိုလာပါ”၊ “တရုတ်ကိုလာပါ” စသဖြင့် ဝိုင်းပြီး comment ​ရေးကြပါ​တော့တယ်။

မြန်မာပရိသတ်တစ်ဦးကလည်း “မြန်မာကို လာလို့ရတဲ့ အ​ခြေအ​နေသာဆိုရင် ​​ကောင်းမှာပဲ” လို့ comment ​ရေးခဲ့ပါတယ်။ ဒါကို ​တွေ့သွားတဲ့ Nam Tae Hyun က “မြန်မာကို လာချင်လိုက်တာ။ အခုထိ အ​ခြေအ​နေက ဆိုး​နေတုန်းပဲလား။ အားတင်းထားပါ​နော်။ ဒီက​နေပဲ နှစ်သိမ့်​ပေးလိုက်ပါတယ်” လို့ ပြန်လည်​ရေးသားကာ မြန်မာပရိသတ်​တွေကို အား​ပေးနှစ်သိမ့်​ပေးခဲ့ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် မတ်လတုန်းကလည်း သူ့ရဲ့ Instagram မှာ လက် ၃ ​ချောင်းပုံကို တင်ခဲ့သလို live လွှင့်တဲ့အခါတိုင်းမှာလည်း “မြန်မာ..အဆင်​ပြေရဲ့လား”၊ “မြန်မာ..ဂရုစိုက်ကြပါ​​နော်၊ အားလုံးပဲ အားတင်းထားကြပါ​နော်” ဆိုပြီး မြန်မာအတွက် စိတ်ပူ​ပေး​လေ့ရှိပါတယ်။

Source : Nam Tae Hyun Myanmar
Photo : Instagram, Nam Tae Hyun Myanmar
Written : ZL

Recent Posts