၂၀၂၂ မှာ စီးကြိုနေတဲ့ ထိုင်းထိပ်တန်းမင်းသမီး (၃) ဦးရဲ့ ဇာတ်ကားသစ်များ

Posted on

ထိုင်းဇာတ်လမ်းချစ်ပရိသတ်ကြီးတို့အတွက် ဇာတ်လမ်းတွဲတွေတင်မကဘဲ တပိုင်းတည်းအပြီး ဇာတ်ကားတွေကို ကြည့်ဖို့ရန်အတွက် ထိပ်တန်းမင်းသမီး (၃) ဦးရဲ့ ရိုက်ကူးမှုအသစ်တွေက စီးကြိုလို့ နေပါပြီ။

Baifern Pimchanok

မင်းသမီးချော Baifern ကတော့ အတွဲညီတဲ့ Mario Maurer နဲ့အတူ စိတ်ကူးယဉ် သိပ္ပံအချစ်ရုပ်ရှင် AI Love You နဲ့ ကြည့်ရှုသူများအား သိမ်းပိုက်ဖို့ တာဆူနေပါပြီ။ ဖေဖော်ဝါရီလထဲမှာ အမေရိကန်နိုင်ငံမှာ စတင်ပြသဖို့ ရည်ရွယ်ထားတာဖြစ်လို့ ကြည့်ဖို့ အားခဲထားကြပါနော်။

Bella Ranee

ဇာတ်လမ်းကောင်းတွေ မပြတ်ထွက်နေတဲ့ Bella Ranee ကလည်းပဲ သူမရဲ့အကောင်းဆုံးတွဲဖက် Pope Thanawat နဲ့အတူ Love Destiny The Movie ကို ဖန်တီးရိုက်ကူးထားပါသေးတယ်။ ဇာတ်လမ်းတွဲကတည်းက တအားကိုနာမည်ကြီးလူကြိုက်များတာဖြစ်ပြီး အခုလို တပိုင်းတည်းအပြီး ရုပ်ရှင်ကိုတော့ လာမယ့် May 04, 2022 မှာ ပြသမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

Yaya Urassaya

၂၀၂၁ မှာ ဇာတ်လမ်းသစ်တွေမထွက်ခဲ့တဲ့ Yaya Urassaya ကတော့ သူမရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့ Fast and Feel Love ကို ရိုက်ကူးပြီးစီးသွားပါပြီ။ နာမည်ကြီးထုတ်လုပ်ရေးဖြစ်တဲ့ GDH 559 နဲ့ လက်တွဲရိုက်ကူးထားတာဖြစ်လို့ ကြည့်ကောင်းမှာ ကျိန်းသေပါပဲ။

Source: Thaiupdate
Photos: Thaiupdate
Translated by NayChi