“Snowdrop” fan ​​တွေအတွက် Instagram ကို Lovestagram အဖြစ်​ ပြောင်းလဲခဲ့တဲ့ Jung Hae In နဲ့ Jisoo

Posted on

ဇန်နဝါရီလ ၁၃ ရက်​နေ့မှာ “Snowdrop” ဇာတ်လမ်းတွဲရဲ့ အဓိကဇာ​တ်​​ဆောင်​တွေဖြစ်ကြတဲ့ မင်းသား Jung Hae In နဲ့ BLACKPINK အဖွဲ့ဝင် Jisoo တို့ဟာ “Snowdrop” ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းက ချစ်စရာပုံ​လေး​တွေကို သူတို့ရဲ့ Instagram မှာ မျှ​ဝေခဲ့ကြပါတယ်။ ထူးခြားချက်တစ်ခုက​တော့ ဒီဓါတ်ပုံ​တွေထဲမှာ သူတို့ ၂ ဦးဟာ ​နေရာအတူတူ၊ ပို့စ်အတူတူ၊ ရှု​ထောင့်အတူတူက​နေ တစ်ဦးအတွက် တစ်ဦး အပြန်အလှန် ရိုက်ကူး​ပေးထားကြတာဖြစ်ပါတယ်။

အရင်ဆုံး Jisoo က သူမရဲ့ ပုံ​တွေ​အောက်မှာ “Open House ​နေ့က ​ကျောင်းမှာ” ဆိုတဲ့ caption ကို ​ရေးသားထားပြီး Jung Hae In ရိုက်ကူး​ပေးထားတဲ့ ပုံ​တွေမှန်းသိသာ​အောင် Jung Hae In ရဲ့ Instagram account ကို mention ​ခေါ်ထားပါတယ်။ ဒီလိုမျိုး Jisoo ပုံတင်ပြီး နာရီပိုင်းအကြာမှာပဲ Jung Hae In ကလည်း “Photo by @sooyaa__” ဆိုတဲ့ caption နဲ့အတူ Jisoo ရိုက်ကူး​ပေးထားတဲ့ ပုံ​လေး​တွေကို မျှ​ဝေခဲ့ပါတယ်။

ဒီလို interaction ​လေးကို မြင်​တွေ့ခဲ့ရပြီး​နောက် “Snowdrop” ပရိသတ်​တွေဟာ “သ​​ ​​ေင်္ဘာက​တော့ ရွက်လွှင်​့နေပြီ” ၊ “တစ်​ယောက်နဲ့တစ်​​ယောက် credit ​တောင် ​ပေး​နေကြပြီ” ၊ “HaeSoo in your area” ၊ “ဒီ ၂ ​ယောက်က ငါတို့ကို အသည်းယား​အောင် ကစား​နေတာပဲ” ၊ “Lovestagram ပဲ” စသဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။

“Snowdrop” ဇာတ်လမ်းတွဲထဲက သရုပ်​ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီး Jung Eugene ကလည်း Jung Hae In ရဲ့ post ​အောက်မှာ “jjang jjang” ဆိုပြီး လက်မ​​ထောင်ကာ မှတ်ချက်ဝင်​ရေးထားပါ​သေးတယ်။ Jung Hae In နဲ့ Jisoo တို့ ၂ ဦးဟာ လက်ရှိ JTBC က​နေ ပြသ​နေတဲ့ “Snowdrop” ဇာတ်လမ်းတွဲမှာ Su Ho နဲ့ Young Ro အဖြစ် သရုပ်​ဆောင်ထားပြီး ပရိသတ်​တွေ အကြိုက်ဆုံး K-drama စုံတွဲတစ်တွဲဖြစ်လို့​နေပါတယ်။

Source : Instagram
Photo : @holyhaein, @sooyaa__ (Instagram)
Written : ZL