Wang Yibo, Zhou Dongyu နဲ့ Xu KaiCheng တို့ရဲ့ ‌စွန့်စားခန်းရုပ်ရှင်ကားသစ်ကို စတင်ရိုက်ကူး

Posted on

အစောပိုင်းတုန်းက ထွက်ရှိခဲ့ Wang Yibo နဲ့ Zhou Dongyu တို့ရဲ့ စွန့်စားခန်း ဇာတ်ကားသစ်အတွက် တွဲဖက်ရိုက်ကူးဖို့ ဆွေးနွေးမှုတွေအကြောင်း အတည်ပြုခဲ့ပြီဖြစ်ပါတယ်။ King of The Sky လို့ အမည်ရတဲ့ တပိုင်းတည်းအပြီး ဇာတ်ကားကတော့ လေတပ်ထဲက သူရဲကောင်းတွေအကြောင်းကို ဖန်တီးရိုက်ကူးသွားမှာပါ။

အထူးအနေနဲ့ မင်းသားချော Xu KaiCheng နဲ့ Hu Jun တို့ကလည်း ပါဝင်လာမှာဖြစ်ပါတယ်။ ရိုက်ကူးရေးကတော့ ၂၀၂၁ ဒီဇင်ဘာလတုန်းက စတင်ဖို့စီစဉ်ထားပေမဲ့ ၂၀၂၂, ဇန်နဝါရီမှပဲ စတင်ရိုက်ကူးဖြစ်ပါတယ်။ ဇာတ်ကားပုံစံမျိုးကတော့ ခက်ခဲလှတဲ့ နိုင်ငံတော်ရဲ့ အထူးတာဝန်ကို အပြီးသတ်ဖို့ အမိန့်ရရှိခဲ့တဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့အကြောင်းပါပဲ။

လေကြောင်းအထူးလှုပ်ရှားမှုမျိုးကို ကျောရိုးယူထားတာဖြစ်လို့ လေကြောင်းအမိုက်စားမစ်ရှင်တွေ၊ အသက်ကို ပဓာနမထားဘဲ ရဲစွမ်းသတ္တိအပြည့်ရှိကြပြီး ကောင်းကင်ယံတခွင်က အဆက်မပြတ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကြမယ့် လေတပ်သူရဲကောင်းတွေရဲ့ စွန့်စားမှုတွေကို ကြည့်ရမှာပါ။ မျှော်လင့်မထားတဲ့ အခက်အခဲများအား တစ်ခုပြီးတစ်ခု ကိုင်တွယ်ဖြေရှင်းကြပုံတွေကိုလည်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်ကို ပီပြင်စွာဖန်တီးနိုင်တဲ့ မင်းသမီး Zhou Dongyu, နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Wang Yibo နဲ့ Xu KaiCheng တို့ရဲ့ တွဲဖက်မှုဟာ ဆန်းသစ်ပြီး တပိုင်းတည်းအပြီး ဇာတ်ကားမျိုးမှာ မစ်ရှင်တွေကို အောင်မြင်အောင်စွမ်းဆောင်‌မယ့် ဇာတ်ကောင်တွေကို စောင့်ကြည့်ရမှာ ရင်ခုန်စရာကောင်းလှပါတယ်။ လက်ရှိအင်တာနက်အသုံးပြုသူတွေကြားမှာ နာမည်ကြီးနေပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စတင်ရိုက်ကူးပြီ ဖြစ်ပါတယ်။

Source : Douban
Photos: Studio
Translated by NayChi