စိတ်ဝင်စားဖွယ်ဇာတ်အိမ်မျိုးနဲ့ BTS, TXT, ENHYPEN တို့ရဲ့ Webtoons နဲ့ Web Novels များ

Posted on

BTS, TXT နဲ့ ENHYPEN တို့ဟာ Webtoon များနဲ့ Web novel များ တရားဝင် ထွက်ရှိပေးမယ့်အကြောင်းကို သိထားပြီးလောက်ပါပြီ။ HYBE ကလည်း ၂၀၂၁ နိုဝင်ဘာလအစောပိုင်းကတည်းကတိုင် ကိုယ်ပိုင်ဇာတ်လမ်းများဖြင့် အဖွဲ့ (၃) ဖွဲ့ရဲ့ webtoons, web novels တွေကို ထုတ်လုပ်ဖန်တီးပြသမယ့်အကြောင်း တရားဝင်ကြေညာထားပြီးသားဖြစ်ပါတယ်။

BTS အဖွဲ့က “7FATES: CHAKHO”, TXT အဖွဲ့ကတော့ “THE STAR SEEKERS” နဲ့ ENHYPEN ကတော့ “DARK MOON” ဆိုပြီး (၃) မျိုး ထွက်လာမှာဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲက ဇာတ်ကောင်များအတိုင်း Idol တွေဟာ ပုံဖော်သွားမှာဖြစ်ပြီး Naver Webtoon’s global service မှာ January 15 မှ 17 အထိ ထွက်ရှိပေးသွားမှာပါ။

“7FATES: CHAKO” ကတော့ January 15 မှာ ပထမဆုံး စတင်ထွက်ရှိလာမှာပါ။ မကြာတော့တဲ့အနာဂတ်ဆီက ဆန်းကြယ်တဲ့မြို့ပြတစ်ခုအတွင်းက ကောင်လေး (၇) ယောက်ရဲ့အကြောင်းကို ကိုရီးယားရိုးရာပုံပြင်များနဲ့ ချိတ်ဆက်ပြီး HYBE က ဖန်တီးစေခဲ့ပါတယ်။

“7FATES: CHAKO” ထဲမှာတော့ ကံကြမ္မာအရ ရေစက်ဆုံလာကြ‌တဲ့ ကောင်လေး (၇) ဦးဟာ အခက်အခဲများကို အတူရင်ဆိုင်ကျော်ဖြတ်ကြရင်း ရင့်ကျက်လာကြပါတယ်။ လူသား (၇) ဦးရဲ့ကံကြမ္မာဟာ ကျားသတ္တဝါနဲ့ ရောယှက်ဆုံစည်းလာပြီးနောက် Chakho လို့ ခေါ်တဲ့ ကျားဖမ်းအဖွဲ့ကို ဖွဲ့စည်းလိုက်ကြပါတယ်။

ဒီလိုနဲ့ ဗရမ်းပတာဖြစ်နေတဲ့ လောကကြီးကို ထပ်မံပြီး ရင်ဆိုင်ဖြေရှင်းရဦးမယ့် အကြောင်းလေးဖြစ်ပါတယ်။ January 8 ရက်နေ့ကတည်းက BTS အဖွဲ့ဝင်တွေရဲ့ ဇာတ်ကောင်အလိုက် concept photos များကို ထုတ်ပေးခဲ့သလို teaser videos တွေနဲ့လည်း ဇာတ်ကောင်များအား မိတ်ဆက်ခဲ့ပါတယ်။

Suga က ကျားစားခံရလုနီးပါးဖြစ်ခဲ့တဲ့ Cein, V က ကျားကိုမှ မြတ်နိုးချင်ခင်သွားတဲ့ Jooan, J-Hope က ကျားရဲ့ ပြန်ပေးဆွဲခံလိုက်သူ Hosu, Jin ကတော့ ကျားသတ္တဝါဆီမှာ မိသားစုကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ သာမန်လေးသမား Hwan, RM က ခက်ခဲတဲ့‌ဘဝကြီးကို ဖြတ်သန်းနေရရှာသူ မှုခင်းကျွမ်းကျင်ပညာရှင် Do Geon, Jimin ဟာ ကျားတွေရှင်သန်ရာလောကကို ‌စောင့်ကြပ်နေရတဲ့ ကျောက်တုံးဘဝမှ လူသားဖြစ်လာခဲ့သူ Haru နဲ့ Jungkook ကတော့ လူတပိုင်း ကျားတပိုင်းဖြစ်နေတဲ့ Zeha အဖြစ် ပုံဖော်သွားမှာဖြစ်ပါတယ်။

January 16 မှာတော့ ENHYPEN ရဲ့ “DARK MOON: THE BLOOD ALTAR” ထွက်လာမှာဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့ မှတ်ဉာဏ်ဖယ်ရှားဖျက်သိမ်းခံထားရတဲ့ vampire (၇) ‌ဦးရဲ့ ဘဝထဲကို ထူးခြားတဲ့မိန်းကလေးတစ်ဦးက ဝင်ရောက်လို့လာခဲ့ပါတယ်။

ရှေးခေတ် မှော်တိုင်းပြည်ခေတ်ကစလို့ ‌မျက်မှောက်ခေတ် အခြေအနေအထိ ကျောရိုးယူထားတဲ့ ဇာတ်လမ်းမျိုးပါပဲ။ ကျောင်းဝတ်စုံလေးတွေနဲ့ ENHYPEN အဖွဲ့ဝင်များကြောင့် “DARK MOON: THE BLOOD ALTAR” ကို ကြည့်မယ့်သူတွေ တော်တော်များနေပြီဖြစ်ပါတယ်။

TXT ရဲ့ “THE STAR SEEKERS” ကတော့ January 17 မှာ ထွက်လာမှာဖြစ်ပါတယ်။ မှော်စွမ်းအားနဲ့ သဘာဝစစ်မှန်မှုတွေရှိနေတဲ့ ‌သက်ရှိလောကြီးထဲက မှော်အစွမ်းတွေပိုင်ဆိုင်ထားတဲ့ K-pop idol (၅) ဦးရဲ့ အကြောင်းလေးဖြစ်ပါတယ်။ သဘာဝလွန်အစွမ်းတွေရှိနေကြောင်းကို သိရှိပြီးတဲ့နောက် ကမ္ဘာကြီးပျက်ဆီးမယ့်အခြေအနေများကို တိတ်တဆိတ်ရင်ဆိုင်ဖြေရှင်းနေကြတာတွေကို ကြည့်ရှုနိုင်မှာပါ။

“THE STAR SEEKERS” ကတော့ “The Doom’s Night” ဆိုတဲ့ Animation နဲ့ “The Tale of the Magic Island” ဆိုပြီး စာအုပ်တွေလည်း ထွက်ရှိထားတာကြောင့် TXT အဖွဲ့ပြင်ဆင်ထားတဲ့ webtoon နဲ့ web novel က ဘယ်လိုမျိုးဆန်းသစ်သွားမလဲဆိုတာ ရင်ခုန်ဖို့ကောင်းပါတယ်။

HYBE ရဲ့ မူရင်း Webtoons နဲ့ web novels တွေဟာ ဘာသာစကား (၁၀) မျိုးနဲ့အတူ ထွက်လာမှာဖြစ်လို့ “7FATES: CHAKHO”, “DARK MOON: THE BLOOD ALTAR” နဲ့ “THE STAR SEEKERS” တို့ကို ‌တဝကြီးကြည့်ရှုနိုင်ပါတော့မယ်။

Source: Soompi
Photos: Soompi
Translated by NayChi