2022 ခုနှစ် အစမှာပဲ BTS အဖွဲ့ဝင်​တွေ ​ရေးထိုးနိုင်ခဲ့တဲ့ စံချိန်သစ် (၅) ခု

Posted on

၂၀၂၂ ခုနှစ်ဟာ အခုမှ အစပဲရှိ​သေး​ပေမဲ့လည်း BTS က​တော့ စံချိန်သစ်​တွေကို ထပ်ပြီးတင်​​​နေပြန်ပြီဖြစ်ပါတယ်။ ဒီအဖွဲ့ဝင် ၇ ​ယောက်ပါတဲ့ K-Pop အဖွဲ့ဟာ ကမ္ဘာနဲ့အဝှမ်း ​​အောင်မြင်​ကျော်ကြားသလို သူတို့ရဲ့ အနုပညာသက်တမ်း ၉ နှစ်ထဲဝင်လာတာနဲ့အမျှ music chart ​အမျိုးမျိုးမှာ စံချိန်သစ်​တွေတင်လျက်ရှိပါတယ်။ ​ဒါ​ကြောင့် ၂၀၂၂ ခုနှစ်ကို ကူး​ပြောင်းလာတာ ၂ ပတ်​​တောင် မပြည့်​သေး​ပေမဲ့ BTS က​တော့ စံချိန်သစ် ၅ ခုကို ​ရေးထိုးလိုက်နိုင်ခဲ့ပြန်ပါတယ်။

အဲ့ဒီစံချိန် ၅ ခုက​တော့…

(1) ဇန်နဝါရီလ ၆ ရက်​နေ့က BTS ရဲ့ ဒုတိယ​မြောက် ဂျပန် compilation အယ်လ်ဘမ်ဖြစ်တဲ့ ‘BTS, The Best’ ဟာ Oricon Japan chart မှာ ​​ရောင်းချရတဲ့ အချပ်​ရေ​ပေါင်း ၁ သန်း​ကျော်သွားခဲ့ပါတယ်။ ဒီလို K-Pop အဖွဲ့တစ်ဖွဲ့အ​နေနဲ့ ဂျပန်မှာ album အချပ်​ရေ ၁ သန်း​ကျော်​ရောင်းချရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒါ့အပြင် BTS ဟာ ဂျပန်နိုင်ငံမှာ ၂၀၀၅ ခုနှစ်က BoA ပြီး​နောက် ၁၆ နှစ်ကြာမှ ပထမဆုံး album ၁ သန်း​ကျော် ​ရောင်းထွက်ခဲ့တဲ့ ပထမဆုံး ကိုရီးယားအနုပညာရှင်ဖြစ်သလို ၂၀၀၄ ခုနှစ်က Queen အဖွဲ့ပြီး​နောက် ၁၇ နှစ်ကြာမှ အချပ်​ရေ ၁ သန်း​ကျော်​ရောင်းချနိုင်ခဲ့တဲ့ ပထမဆုံး ​နိုင်ငံခြားသား ​ယောကျ်ား​လေးအဖွဲ့လည်း ဖြစ်ပါတယ်။

(2) BTS ရဲ့ နာမည်​ကျော် အင်္ဂလိပ်သီချင်းဖြစ်တဲ့ ‘Dynamite’ ဟာ Spotify Global Chart အတွင်းမှာ ရက် ၅၀၀ ဆက်တိုက် ရှိနေခဲ့​​ကြောင်း ဇန်နဝါရီလ ၅ ရက်​နေ့မှာ ​ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါ​ကြောင့် BTS ရဲ့ ဒီသီချင်းဟာ အခုလိုမျိုး စံချိန်ကိုတင်နိုင်ခဲ့တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်း​သော အာရှအနုပညာရှင်ရဲ့ သီချင်းဖြစ်လာခဲ့ပါတယ်။

‘Dynamite’ ဟာ အခုအချိန်ထိလည်း 1.1 million filtered streams နဲ့ chart ထဲ ဝင်​နေဆဲဖြစ်ပြီး ထို chart မှာ အချိန်အကြာဆုံး ရပ်တည်နိုင်တဲ့ ပထမဆုံး ကိုရီးယားအနုပညာရှင်ရဲ့ သီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

(3) ဇန်နဝါရီလ ၈ ရက်​နေ့မှာ​တော့ BTS ဟာ လစဉ်နားဆင်သူ ၄၅ သန်းနဲ့ အမြင့်ဆုံးစံချိန်သစ်ကို ​​ရောက်ရှိသွားခဲ့ပြီဖြစ်​ကြောင်း Spotify က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် BTS ဟာ Spotify မှာ လစဉ်နားဆင်သူအများဆုံး ကိုရီးယားအနုပညာရှင်နဲ့ K-Pop အဖွဲ့လည်း ဖြစ်ပါတယ်။

(4) ‘Our Beloved Summer’ ဇာတ်လမ်းတွဲအတွက် BTS အဖွဲ့ဝင် V သီဆိုထားတဲ့ ‘Christmas Tree’ သီချင်းဟာ Billboard ရဲ့ ‘Digital Song Sales’ chart မှာ နံပါတ် ၁ ​နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ​ကြောင့်မို့ V ဟာ ဒီ chart မှာ နံပါတ် ၁ ​နေရာကို ရရှိတဲ့ ပထမဆုံး ကိုရီးယား solo artist ဖြစ်လာခဲ့ပါတယ်။

ဒါတင်မက​သေးပဲ V ဟာ OST နဲ့ Billboard ရဲ့ ‘Hot 100 Chart’ မှာ ပွဲဦးထွက်နိုင်ခဲ့တဲ့ ပထမဆုံး ကိုရီးယား solo artist လည်းဖြစ်ပါတယ်။ ဒီလို OST ထွက်ရှိပြီး​​နောက် V ဟာ Billboard ရဲ့ ‘Artist 100’ နဲ့ ‘Emerging Artists’ chart ​တွေမှာလည်း နံပါတ် ၅၇ နဲ့ နံပါတ် ၁ ချိတ်ခဲ့ပါတယ်။

(5) ​​​​နောက်ထပ် BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ SUGA က​တော့ Juice WRLD နဲ့ collaboration single ဖြစ်တဲ့ ‘Girls Of My Dream’ သီချင်း ထွက်ရှိပြီး မကြာ​သေးခင်ကပဲ Spotify မှာ လစဉ်နားဆင်သူ အမြင့်ဆုံးကို ​ရောက်ရှိခဲ့ပါတယ်။

သူဟာ လစဉ်နားဆင်သူ ၁၁.၁ သန်းထိ ​ရောက်ရှိသွားခဲ့တာဖြစ်ပြီး Spotify မှာ လစဉ်နားဆင်သူအများဆုံး အမျိုးသား ကိုရီးယား solo artist ဖြစ်သလို လစဉ်နားဆင်သူအများဆုံး ၅ ​ယောက်မြောက် ကိုရီးယားအနုပညာရှင်ဖြစ်ပါတယ်။

BTS ဟာ တကယ့်ကို ​မော်ကွန်းတင်သူ​တွေပါပဲ။ ဒီ lengend ၇ ​ယောက်ပါဝင်တဲ့ အဖွဲ့ဟာ ဒီလို ကြီးကျယ်ပြီး အံ့သြဖွယ် ​အောင်မြင်မှုမှတ်တိုင်​တွေနဲ့ ကမ္ဘာ့ဂီတ​စျေးကွက်မှာ အခိုင်အမာ​နေရာယူထားတာဖြစ်ပါတယ်။ ၂၀၂၂ ဟာ အခုမှအစပဲရှိ​သေးတာ​ကြောင့် ၂၀၂၂ ခုနှစ်တစ်နှစ်လုံးမှာ ဘယ်လိုစံချိန်​သစ်တွေကို ဘယ်နှခု​လောက် ထပ်ပြီး တင်ဦးမလဲဆိုတာလည်း စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Source : Allkpop
Photo : Instagram, Pinterest
Written : ZL