Jennie နဲ့ ပထမဆုံးစ​တွေ့စဉ်က အဖြစ်အပျက်​လေးကို ပရိသတ်​တွေကို ပြန်လည်မျှ​ဝေခဲ့တဲ့ မင်းသား Lee Jung Jae

Posted on

ဇန်နဝါရီလ ၁၂ ရက်​နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ tvN ရဲ့ “Yoo Quiz on the Block” အစီအစဉ်မှာ “Squid Game” မင်းသား Lee Jung Jae က ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။ အစီအစဉ်အတွင်း MC ဖြစ်သူ Yoo Jae Suk နဲ့ Lee Jung Jae တို့ဟာ Lee Jung Jae ပါဝင်သရုပ်​ဆောင်ခဲ့တဲ့ အထင်ကရဇာတ်​ကောင်​တွေအ​ကြောင်းကို ​အပြန်အလှန် ဆွေး​နွေးခဲ့ကြပါတယ်။

ဒီလိုနဲ့ “Sandglass” ဇာတ်လမ်းတွဲအ​ကြောင်းကို ​ပြောတဲ့အခါမှာ​တော့ Yoo Jae Suk က “Jennie ရဲ့ အ​မေက Jennie ကို အစက Jae Hee လို့ နာမည်​ပေးမလို့​လုပ်ရင်းက အသံထွက်ဆင်တဲ့ Jennie ကို မှည့်လိုက်တာ။ အဲ့အချိန်က တကယ့်ကို ပရိသတ်အကြီးစားဖြစ်ခဲ့လို့” လို့ ​ပြောပြခဲ့ပြီး Lee Jung Jae ကလည်း ​တောက်ပစွာပြုံးရင်း သူ့စိတ်ထဲမှာ ဘယ်​လောက်ထိ ဂုဏ်ယူ​​နေကြောင်းကို ​ဖော်ပြခဲ့ပါတယ်။

အဲ့ဒီ​​နောက် မင်းသား Lee Jung Jae က Jennie နဲ့ ပထမဆုံး စ​တွေ့စဉ်က အဖြစ်အပျက်​လေးကို ပြန်လည်​မျှ​ဝေခဲ့ပါတယ်။ Lee Jung Jae က “သူမ (Jennie) က Jung Ho Yeon နဲ့ အရမ်းရင်းနှီးတယ်။ Jennie က Jung Ho Yeon ‘Squid Game’ ရိုက်ကူး​ရေးလုပ်​နေတုန်း ရိုက်ကွင်းကို coffee truck နဲ့အတူ ​ရောက်လာခဲ့တယ်။

Jennie လာမယ်လည်းဆို​ရော ရိုက်ကွင်းတစ်ခုလုံး အုတ်​​​​အော်​သောင်းနင်းဖြစ်သွား​တော့တာပဲ။ ‘ဘယ်အချိန်လာမှာလဲ?’ ‘​နေ့လည်စာမစားခင်လာမှာလား၊ စားပြီးမှ လာမှာလား’ နဲ့” ဆိုပြီး ထိုစဉ်က ရိုက်ကွင်းအ​ခြေအ​နေကို ရှင်းပြခဲ့ပါတယ်​။

Jennie တစ်​ယောက် ရိုက်ကွင်းကို ​ရောက်လာ​ပြီး​နောက် မင်းသား Lee Jung Jae က “ဒါ​ပေမဲ့ ကျွန်​တော်လည်း … ဘယ်လို​ပြောရမလဲ.. BLACKPINK Jennie ဆို​တော့ သူမရဲ့ ​ဘေးမှာ ထိုင်​နေရတာ​တောင် ရှိန်နေခဲ့တယ်” လို့ ပြောပြခဲ့ပါတယ်။

ဒါ​ပေမဲ့ Jennie က “ကျွန်မရဲ့ အ​မေက တကယ့် fan အကြီးစားပါ။ ဒါ​ကြောင့် ကျွန်မနာမည်က Jennie ဖြစ်​နေတာ​လေ” လို့ ​ပြောရင်း မင်းသား Lee Jung Jae ကို အရင်ဆုံး စကားစ​ပြောကာ သူမရဲ့ ကြင်နာတတ်ပြီး စိတ်ထား​ကောင်းတဲ့ အကျင့်စရိုက်ကို သက်​သေပြခဲ့တယ်လို့လည်း သူက ​ဆက်ပြီး ပြောပြခဲ့ပါတယ်။

ယခင်က Jennie က တီဗီအစီအစဉ်​တွေမှာ သူမရဲ့ အ​မေဟာ ​ယောကျ်ား​လေး​မွေးရင် Jae Hee (“Sandglass” drama ထဲက Lee Jung Jae ရဲ့ ဇာတ်​ကောင်နာမည်) လို့ မှည့်​ခေါ်ဖို့ ဆုံးဖြတ်ထားခဲ့ပြီး ​မွေးလာတဲ့အခါ သမီး​လေးဖြစ်​နေတာ​ကြောင့် Jennie လို့ အမည်​ပေးခဲ့​ကြောင်း ​ပြောပြခဲ့ဖူးပါတယ်။

Source : Kpopstarz
Photo : tvN, Instagram
Written : ZL