ရေပန်းစားခဲ့တဲ့ “Love Alarm” ရဲ့ Season 2 မှာ ဘယ်လိုလှည့်ကွက်တွေ ပါလာဦးမလဲ?

မနှစ်ကထွက်ခဲ့တဲ့ “Love Alarm” ဇာတ်လမ်းတွဲက ပရိသတ်ကြားမှာ တော်တော်ကြီးရေပန်းစားခဲ့ပါတယ်။ ကိုယ့်ကိုကြိုက်တဲ့သူရှိလာရင် အချက်ပေးတတ်တဲ့ app ကနေတစ်ဆင့် သုံးပွင့်ဆိုင်အချစ်ဖြစ်လာခဲ့တဲ့ ဆယ်ကျော်သက်အကြောင်း၊ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က မိန်းကလေးတစ်ယောက်တည်းကို ချစ်မိသွားတဲ့အခါ ပတ်သက်မှုတွေ အဆင်မပြေဖြစ်လာတဲ့အကြောင်း ရိုက်ကူးထားတာပါ။

Season 2 မှာတော့ ဇာတ်လမ်းသဘောအရ လှည့်ကွက်တွေပါလာဦးမှာလည်း ဖြစ်ပါတယ်။ Season 1 မှာတုန်းက JoJo ဟာ ရွေးချယ်စရာ ကောင်လေးနှစ်ယောက်ရှိတာကို သိသွားပြီးဖြစ်ပါတယ်။ Lee Hee Young သာမက Hwang Sun Oh ကပါ သူမကို မြတ်နိုးသဘောကျနေကြောင်း သိသွားခဲ့​ပေမဲ့ သူမရဲ့ ခံစားချက်အစစ်အမှန်ကို ထုတ်ပြခဲ့ခြင်း မရှိသေးပါဘူး။

အခုထွက်လာမဲ့ ဇာတ်လမ်းမှာကျောင်းပြီးသွားတဲ့ JoJo က Hwang Sun Oh နဲ့ Lee Hee Young ထဲမှာ ဘယ်သူ့ကိုရွေးချယ်မလဲ? ဘယ်သူ့အပေါ်မှာ သူမရဲ့ခံစားချက်တွေ ပိုသာနေခဲ့မလဲ? သူတို့ကြားက ပတ်သက်ဆက်နွယ်မှုတွေဟာ ဘယ်လိုလှည့်ကွက်တွေဖြစ်လာဦးမလဲ? ဆိုတာကတော့ Season 2 ထွက်လာတဲ့အခါ သိရမှာဖြစ်ပါတယ်။

ပထမတွဲက သရုပ်ဆောင်တွေဖြစ်တဲ့ Kim So Hyun က JoJo အဖြစ်၊ Jung Ga Ram က Lee Hee Young အဖြစ်၊ Song Kang က Hwang Sun Oh အဖြစ် အပြောင်းအလဲမရှိပဲ ရိုက်ကူးထားပါတယ်။ ၂၀၂၁ မှာ ထွက်လာဖို့ ရည်ရွယ်ထားပြီး ဇာတ်လမ်းထွက်လာတဲ့အခါ အားပေးရပါဦးမယ်။

Source: republicworld
Written: Nay Chi