Davika Hoorne ၏ အနုပညာခရီးလမ်းနှင့် စိတ်ဝင်စားဖွယ်သူမ၏အကြောင်း

Davika Hoorne ကို Mai Davika ဟူ၍လည်း ပရိတ်သတ်များက သိကြပါတယ်။သူမဟာ မေလ ၁၆ ရက်နေ့၊ ၁၉၉၂ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင်မွေးဖွားခဲ့ပါတယ်။သူမတွင် Elena Hoorne ဆိုသော ညီမတစ်ဦး ရှိပါတယ်။ သူမ၏ အရပ်မှာတော့ ၅ပေ ၈လက်မဖြစ်ပီး ကိုယ်အလေးချိန်မှာတော့ ၁၁၄ ပေါင်ရှိပါသည်။ သူမဟာ ထိုင်းနှင့် Belgian သွေးနှောတစ်ဦးလည်း ဖြစ်ပါသည်။

အလယ်တန်း နှင့် အထက်တန်းကိုတော့ Phraharuthai Donmuang school နှင့် Kevalee international school တို့တွင် ပညာသင်ကြားခဲ့ပါသည်။ သူမဟာ Rangsit University မှ Communication Arts မေဂျာဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ Davika ၏ပထမဆုံး ပွဲထွက်ဇာတ်လမ်းတွဲမှာ Ngao Kammathep ပဲဖြစ်ပါတယ်။ ထို့နောက် သူမဟာ heart attack, Suddenly Twenty ဆိုသော ရုပ်ရှင်များဖြင့် အောင်မြင်မှု ရရှိလာခဲ့ပါသည်။

၂၀၁၃ တွင်တော့ ထိုင်းနိုင်ငံ၏ အောင်မြင်ဆုံးရုပ်ရှင်တစ်ခုဖြစ်သော Pee Mak ဇာတ်ကားတွင် မင်းသား Mario Mauer ၏တွဲဖက် သရုပ်ဆောင်အဖြစ်ပါဝင်ပီး ပရိတ်သတ်ထံမှ အားပေးမှုများရရှိကာ အနုပညာလောကတွင် အောင်မြင်ဆုံး မင်းသမီးတစ်လတ် ဖြစ်လာခဲ့ပါတော့သည်။ သူမဟာနာမည်ကြီး brand ဖြစ်သော L’ Oreal , bolon eyewear တို့ရဲ့ brand ambassador ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Michael Kors ( 2017 ) NewYork Fashion Weeks တွင်လည်း တက်ရောက်ခွင့်ရခဲ့ပါသည်။

Italy မြို့တွင်ကျင်းပခဲ့သော Milan Fashion Week ( 2018 )တွင်လည်း မော်ဒယ်အဖြစ်ပါဝင်ခဲ့ရာ သူမ၏ရုပ်ရည် နှင် စတိုင်ကျမှုများကြောင့် လူအများ၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပါသည်။ ဒါ့အပြင် သူမသည် လူမှုရေးလုပ်ငန်းများတွင်လည်း အားတက်သရောပါဝင်ခဲ့သဖြင့် UNICEF ၏ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်လာခဲ့ပါသည်။

သူမဟာ ၂၀၁၈ နှစ်လယ်ပိုင်းမှစ၍ မင်းသား Chantavit Dhannasevi နှင့် တွဲခဲ့ပါသည်။ သူမ၏အားလပ်ချိန်များကိုလည်း ချစ်သူနှင့်ကုန်ဆုံးကြောင်းကို သူမရဲ့ instragram မှတဆင့် ပရိတ်သတ်များကို အသိပေးလေ့ ရှိပါသည်။ သူမဟာလက်ရှိတွင်တော့ ထိုင်းနိုင်ငံ၏ အနုပညာကြေး အမြင်ဆုံးမင်းသမီးတစ်ဦး ထဲတွင် ပါဝင်နေပါသည်။

သူမ၏ အောင်မြင်ရခြင်းအကြောင်းအရင်းမှာ သူမ၏ တမှုထူးခြားသော ဖက်ရှင်နှင့် ရုပ်ရည်အလှအပကြောင့်ပဲ မဟုတ်ချေ။ ဇာတ်ရုပ်တိုင်း ကို သဘာဝနှင့်နီးစပ်စွာ ပီပြင်စွာသရုပ်ဆောင်နိုင်သည့် သရုပ်ဆောင်စွမ်းရည်ကြောင့်လည်း ဖြစ်ပါသည်။ သူမ၏ ပရိတ်သတ်မျာဟာ နိုင်ငံအနှံအပြားတွင်ရှိနေပီး မြန်မာ နိုင်ငံ တွင်လည်း ပရိတ်သတ်အခိုင်အမာ ရရှိထားသူပဲ ဖြစ်ပါတယ်။

Source: Celebrity

Share