ကိုရီးယားမှာ ဇာတ်ဝင်ခန်းအချို့ကို စတင်ရိုက်ကူးနေပြီဖြစ်တဲ့ Hyun Bin ရဲ့ ရုပ်ရှင်သစ်

Crash Landing on You ဇာတ်လမ်းတွဲကို ရိုက်ကူးအပြီး ဂျော်ဒန်နိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးဖို့စီစဉ်ပြီးကာမှ Covid-19 ကူးစက်မှုကြောင်​့ ရပ်ဆိုင်းထားရတဲ့ မင်းသား Hyun Bin ရဲ့ရုပ်ရှင်သစ်ကို ဧပြီလနှောင်းပိုင်းကတည်းက ကိုရီးယားမှာဇာတ်ဝင်ခန်းအချို့ စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။

ရုပ်ရှင်နာမည်ကတော့ Bargaining ဖြစ်ပြီး အက်ရှင်အမျိုးအစားဖြစ်ကာ နိုင်ငံရေးသံတမန်တွေ အရှေ့အလယ်ပိုင်းဒေသကို ပြန်ပေးဆွဲခံရတဲ့အကြောင်းကို ရိုက်ကူးမှာဖြစ်ပါတယ်။ မင်းသား Hyun Bin ကတော့ NIS Agent Dae-Sik အနေနဲ့ သရုပ်ဆောင်မှာပါ။

Hyun Bin အပြင် မင်းသား Hwang Jung Min, Kang Ki Young တို့ပါဝင်ပြီး မင်းသမီးမပါဝင်ဘူးလို့သိရပါတယ်။ ဂျော်ဒန်နိုင်ငံမှာ ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်းတွေကိုတော့ ခရီးသွားလာမှုပိတ်ပင်ထားတာတွေကို ဖြေလျော့လိုက်မှ ရိုက်ကူးနိုင်မှာမို့ ရုပ်ရှင်ဟာ ဘယ်တော့ထွက်ရှိမယ်ဆိုတာတော့ ခန့်မှန်းလို့မရသေးပါဘူး။

ပရိတ်သတ်တွေလဲ ကပ်ရောဂါဆိုးကြီးပျံ့နှံ့နေတာတောင် ပရိတ်သတ်တွေအတွက် အလုပ်ကြိုးစားနေတဲ့ အားလုံးရဲ့အချစ်တော်ဗိုလ်ကြီးအတွက် အားပေးစကားလေးတွေ ပြောသွားပေးကြပါဦးနော်။

Source: Hyun Bin Myanmar Fans

Share