မြန်မာပရိတ်သတ်ကြား ချလမ်လို့နာမည်ကြီးနေတဲ့ ထိုင်းမင်းသားလေး Sky ရဲ့အကြောင်း

My Ambulance စီးရီးနဲ့ မြန်မာပရိတ်သတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ချလမ်လေးရဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ နာမည်အရင်းကတော့ Wongravee Nateetorn ဖြစ်ပြီး 25.6.1998 ခုနှစ်မှာ မွေးခဲ့တာမို့ အခုမှ အသက် ၂၂ နှစ်သာ ရှိပါသေးတယ်။ နာမည်အရင်းအပြင် သူ့ကို Sky လို့လဲ လူတွေသိကြပါတယ်။ ဇာတိကတော့ ထိုင်းနိုင်ငံ Ranong မြို့ပါ။ ထိုင်းလူမျိုးစစ်စစ်ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် သူ့အသက် ၁၆ နှစ်အရွယ်မှာ Hormones the Next Gen ဆိုတဲ့မော်ဒယ်ပြိုင်ပွဲကနေ အနုပညာလမ်းကြောင်းပေါ်ရောက်ခဲ့ပြီး လက်ရှိမှာ သရုပ်ဆောင်အလုပ်အပြင် runway ​ေမာ်ဒယ် တစ်ယောက်အဖြစ်လဲ ရပ်တည်နေပါတယ်။

My Ambulance ရုပ်သံစီးရီးမရိုက်ကူးခင်မှာ Thirteen Terrors, Hormones, I Hate You I Love You, Project S ဆိုတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပါသေးတယ်။ ၂၀၁၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Hormones စီးရီးရဲ့ Pala ဆိုတဲ့ဇာတ်ရုပ်နဲ့ သူ့ရဲ့အောင်မြင်မှု စတင်ခဲ့တယ်လို့ ဆိုရမှာပါ။

အရပ်အမြင့်ကတော့ 1.82 m (ခြောက်ပေနီးပါး) ရှိပြီးမော်ဒယ်တစ်ယောက်လဲဖြစ်တာကြောင့် ဖက်ရှင်က အမြဲအပျံစားပါပဲ။ သူ့ရဲ့ခပ်မိုက်မိုက် ဝတ်စားဆင်ယင်ပုံတွေနဲ့ အမိုက်စားပို့စ်တွေကို သူ့ရဲ့ အင်စတာဂရမ်ဖြစ်တဲ့ instagram.com/skywongravee?igshid=sx8m5hsoyctl မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

လက်ရှိမှာ ချစ်သူရည်းစားရှိတယ်လို့ ထုတ်ပြောထားတာတော့ မရှိတဲ့အတွက် single လေးလို့ပဲ ယူဆရမှာပါ။ ချလမ်လေးကို ချစ်တဲ့ ပရိတ်သတ်တွေလဲ သူ့အကြောင်းလေးကို စုံစုံလင်လင်သိလိုက်ရလို့ ဝမ်းသာမယ်လို့ထင်ပါတယ်။

Source: Thaicele

Share