ရရှိထားသောအမြင့်ဆုံး Rating ကိုပင် ထပ်မံစံချိန်ချိုးခဲ့သော The world of the married ဇာတ်လမ်းတွဲ၏ ဇာတ်သိမ်းပိုင်း

JTBC မှထုတ်လွှင့်ခဲ့သော The world of the married ဇာတ်လမ်းတွဲဟာ အောင်မြင်မှုဆက်တိုက် ရရှိခဲ့ပါသည်။ အပိုင်း ( 1 ) ထုတ်လွှင့်စဉ်ကတည်းက ပရိတ်သတ်များ၏ စိတ်ဝင်စားမှုကိုရရှိခဲ့ပီး ဇာတ်လမ်းပီးဆုံးသည်အထိ လူအများ၏ ရင်ထဲတွင်တသသကျန်ရှိခဲ့သော ဇာတ်လမ်းတွဲကောင်းပင် ဖြစ်ပါသည်။

မေလ ၁၆ ရက်နေ့တွင် ပြသခဲ့သော ဇာတ်လမ်းတွဲ၏ ဇာတ်သိမ်းပိုင်းမှာတော့ ကိုရီးယားနိုင်ငံ၏ Cable TV network တွင် တခါမှ မရရှိဖူးသော စံချိန်ကို ထပ်မံရရှိခဲ့ပါသည်။ အဆိုပါစံချိန်မျိုး ရရှိသည်မှာလည်း The world of the marrried ဇာတ်လမ်းတွဲ၏ ပထမဆုံးမဟုတ်ချေ။

Nielsen Korea ၏ပြောကြားချက်အရ ဇာတ်လမ်းတွဲဟာ အမြင်ဆုံးရရှိခဲ့သော စံချိန် 24.44% ကိုပင် ထပ်မံကျောက်တက်သွားခဲ့ပါသည်။ ဇာတ်သိမ်းပိုင်း၏ ကြည့်ရှုသူနှုန်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် 28.37% ရရှိခဲ့ပါသည်။

အဆိုပါအောင်မြင်မှုများ ရရှိခဲ့သော The world of the married ဇာတ်လမ်းတွဲသည် ဇာတ်လမ်း၊ ဇာတ်ညွှန်း ကောင်းရုံမျှသာမက သရုပ်ဆောင်များ၏ သရုပ်ဆောင်ပီပြင်မှုမှာလည်း သူမတူအောင်ပင် ဖြစ်ပါတယ်။ အဓိကချီးကျူ းရမည်ဆိုလျှင်တော့ ခေါင်းဆောင်မင်းသမီး Kim Hee Ae ၏ အရှိုက်ကိုထိစေသော သရုပ်ဆောင်ချက်များပင် ဖြစ်ပါသည်။

ယခုဆိုလျှင် The world of the married ဇာတ်လမ်းတွဲသည် ၂၀၂၀ ၏ အောင်မြင်ဆုံး ဇာတ်လမ်းတွဲ အဖြစ်နှင့် ဇာတ်သိမ်းသွားခဲ့ပါပီ။ ကြိုးစားမှုနှင့်အတူ ထပ်တူညီစွာ ရရှိခဲ့သော အောင်မြင်မှုများအတွက် The world of the married အဖွဲ့သားများနည်းတူပင် ဝမ်းသားကျေနပ်မိပါသည်။

Source: Soompi

Share