Jungkook ရဲ့ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ပြန်လည်ရုတ်သိမ်းပေးဖို့ ပြည်သူတွေလက်မှတ်ရေးထိုးဆန္ဒပြနေကြ

Covid-19 ကြောင့် social distancing ကိုကျင့်သုံးနေရတဲ့အချိန်မှာ Itaewon ကိုသူငယ်ချင်းတွေနဲ့ လည်ပတ်ခဲ့တဲ့ကိစ္စကြောင့် ဝေဖန်မှုတွေခံနေရတဲ့ Jungkook ရဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ ကိုရီးယားပြည်သူတွေက အိမ်ပြာတော်ကိုလက်မှတ်ရေးထိုး ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။

ပြည်သူတွေကတော့ “တစ်နိုင်ငံလုံးအနေနဲ့ ဒီကပ်ရောဂါဆိုးကြီးကိုတွန်းလှန်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာပဲ အပြင်ထွက်ပြီးပျော်ပါးတာဟာ မဖြစ်သင့်ကြောင်းနဲ့ ဒီလိုအပြုအမူမျိုးလုပ်ခဲ့တဲ့လူတစ်ယောက်ဟာ နိုင်ငံ့ဂုဏ်ဆောင်တွေကိုပေးအပ်တဲ့ ဆုတံဆိပ်မျိုးနဲ့ မထိုက်တန်ကြောင်း” ရေးသားပြီး လက်မှတ်ထိုးထားကြတာပါ။

Jungkook နဲ့အတူ အခြား idol သူငယ်ချင်းတွေလဲပါဝင်ပေမယ့် ကျန်တဲ့သူတွေဟာ သူတို့အပြစ်ကိုသုံးသပ်တဲ့တောင်းပန်စာတွေနဲ့ ပရိတ်သတ်ကိုတောင်းပန်ထားကြပေမယ့် Jungkook တစ်ယောက်ကတော့ အခုထိတောင်းပန်စာမရေးသေးတာကြောင့်လဲ ပြည်သူတွေက ပိုစိတ်ဆိုးနေကြတယ်လို့ဆိုပါတယ်။

Jungkook ဟာ BTS အဖွဲ့နဲ့အတူ 2018 ခုနှစ်က kpop ကိုကမ္ဘာတစ်လွှားမှာအောင်မြင်အောင်စွမ်းဆောင်ခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ ကိုရီးယားယဉ်ကျေးမှုကို ပျံ့နှံ့စေခဲ့တဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို သမ္မတထံမှ အိမ်ပြာတော်မှာအခမ်းအနားနဲ့လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

source : koreaboo

Share