Song Joong Ki ၏ ရုပ်ရှင်အသစ် ထွက်ရှိလာတော့မည်

ပရိတ်သတ်များအကြိုက်ဆုံး တောင်ကိုရီးယား သရုပ်ဆောင်များကို ပြောပါဆိုလျှင် မင်းသား Song Joong Ki ဟာမပါမဖြစ် ပင်ဖြစ်ပါသည်။ သူရိုက်ကူးခဲ့သော ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များဟာဆိုလျှင် အောင်မြင်မှုများ တစ်စီတစ်တန်း ရရှိခဲ့တာချည်းပင် ဖြစ်ပါသည်။


သူဟာ တောင်ကိုရီးယားရဲ့ Hallyu superstar လိုတောင် ခေါ်တွင်လို့ ရပါမည်။ မင်းသားရွေးချယ်ရိုက်ကူးခဲ့တဲ့ ရုပ်ရုပ်တိုင်းဟာ ပရိတ်သတ်များကြားအောင်မြင်ရုံမျှမက ထုတ်လုပ်ရေးများအတွက်ပါ ဝင်ငွေစံချိန်တင်အောင် ရရှိခဲ့ကြပါသည်။

ယခုထွက်ရှိမည့် ဇာတ်ကားနာမည်ကတော့ Space Sweepers ဟုခေါ်တွင်ပီး ရုပ်ရှင်ဟာ science fiction အမျိုးအစားဖြစ်ပီး Jo Sung Hee ဆိုသည့် director မှရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ Jo Sung Hee ဟာ Song Joong Ki ရိုက်ကူးခဲ့ဖူးသော A werewolf boy ရုပ်ရှင်၏ director လည်း ဖြစ်ပါသည်။ ယခုရုပ်ရှင်ဟာ ၂၀၁၉၊ ဇူလိုင်လတွင် စတင်ရိုက်ကူးခဲ့ပီး နိုဝင်ဘာလတွင် ရိုက်ကူးပီးဆုံး ခဲ့တာပဲ ဖြစ်ပါတယ်။

ရုပ်ရှင် ဇာတ်လမ်းကိုဆိုရလျှင် Song Joong Ki ဟာ ၂၀၉၂ ခုနှစ်မှ Tae Ho ဆိုသည့် အာကာသယာဉ်မှူးတစ်ဦး ဖြစ်ပါသည်။ အဆိုပါခေတ်တွင် လူမျိုးသုံးမျိုးရှိပီး လူတိုင်းအာကသသို့ သွားနိုင်သည့် ခေတ်တခေတ်ပဲ ဖြစ်ပါသည်။ သူတို့ဟာ အာကသထဲရှိ တန်ဖိုးကြီးတဲ့ ပစ္စည်းများကို ရှာဖွေပီး ပြန်ရောင်းကြတဲ့သူများပဲ ဖြစ်ပါသည်။ တချိန်မှာတော့ သူတို့ဟာ လူလောကကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တစ်ခုကို တွေ့ရှိခဲ့ပီး ဓုစရိုက်လောက်မှ လူများနှင့် ပါဝင်ပက်သက်ကာ လူသားများကို ကယ်တင်မှုများ လုပ်ဆောင်ရပါတော့သည်။

အဆိုပါရုပ်ရှင်ဟာ ၂၀၂၀ နွေရာသီတွင် ပြသနိုင်ရန် စီစဉ်ထားသော်လည်း covid-19 ကြောင့် ရွေ့ဆိုင်းခဲ့ရပါသည်။ မင်းသား Song Joong Ki ၏ ပရိတ်သတ်များကတော့ အဆိုပါရုပ်ရှင်ကားကို အများကြီး မျှော်လင့်ထားကြပါသည်။ Sci- fi ဇာတ်ကားမျိုးကို ကြိုက်နှစ်သက်သည့် ပရိတ်သတ်ကြီး အတွက်လည်း သေချာပေါက် ကောင်းမွန်သည့် ရုပ်ရှင်တစ်ခုလည်း ဖြစ်မှာပါ။

Source: Top2ten

Share