Marvel Studios မှ ရိုက်ကူးမည့် The Eternals ဆိုသည့် ရုပ်ရှင်တွင် ပါဝင်သွားမည့် Ma Dong Seok

Don Lee လို့လည်းသိကြတဲ့ တောင်ကိုရီးယားမင်းသား Ma Dong Seok ဟာ နောက်ဆုံးမှာတော့ Hollywood ရုပ်ရှင်လောကတွင် သူ၏အနုပညာ ခြေလှမ်းအသစ်ကို စတင်လိုက်ပီပဲ ဖြစ်ပါတယ်။ သူဟာ Marvel studios မှ ထွက်ရှိမည့် The eternals ဆိုသည့် ရုပ်ရှင်တွင် ခေါင်းဆောင်ဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်မှာပဲ ဖြစ်ပါသည်။

Ma Dong Seok ဟာ Train To Busan ဆိုသည့် တောင်ကိုရီးယား Zombie ရုပ်ရှင်တွင် ပါဝင်ပီးနောက်ပိုင်း သူ၏ ကြီးမားတောင့်တင်းသော ခန္ဓာကိုယ်နှင့် လိုက်ဖက်သော သရုပ်ဆောင်ချက်များကြောင့် အနောက်နိုင်ငံများကပင် သတိထားမိလာခြင်းပဲ ဖြစ်ပါတယ်။

၂၀၁၉ ခုှစ် ၊ ဇူလိုင်လ ၂ဝရက်နေ့တွင် San Diego Comic conference တွင် Marvel Studios ၏ ဥက္ကဠ မှ The eternals တွင်ပါဝင်ကြမည့် သရုပ်ဆောင်များကို မိတ်ဆက် ခဲ့ပါသည်။ Ma Dong Seok နှင့်အတူ ပါဝင်ကြမည့်သူများမှာ Angelina Jolie, Salma Hayek, Richard Madden နှင့် Kumail Nanjiani တို့ဖြစ်ပါသည်။

The eternals ရုပ်ရှင်ဟာ Jack Kirby ဖန်တီးထားသော Comic book series ပင်ဖြစ်ပါသည်။ ထာဝရရှင်သန်သူများနှင့် သူတို့၏ စွမ်းအားများကို ဇာတ်လမ်းဇာတ်ညွှန်း ခိုင်ခိုင်မာမာဖြင့် ရိုက်ကူးမှာပင်ဖြစ်ပါသည်။ Super Heros ဇာတ်လမ်းပုံစံမျိုးဖြစ်ပီး Ma Dong Seok မှာတော့ Gilgamesh နာမည်ရှိသော Hero တစ်ဦးနေရာတွင် သရုပ်ဆောင်ရမှာပဲ ဖြစ်ပါသည်။ Gilgamash ဟာ Thor , Hercules တို့နှင့်ဆက်စပ်မှုရှိပီး သူတို့ကဲ့သို့ အင်အားကြီးမားသောသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင် Ma Dong Seok ဟာတောင်ကိုရီးယား အနုပညာလောကတွင်သာမက Hollywood တွင်ပါ နာမည်ကြီးလာသော သရုပ်ဆောင်ကောင်း တစ်ဦးဖြစ်ပါသည်။ သူ၏ပြောင်မြောင်သော သရုပ်ဆောင်ချက်များနှင့် သူ၏အနုပညာကို ချစ်ကြသော ပရိတ်သတ်များကတော့ The eternals ဆို့သည့် ရုပ်ရှင်အား အများကြီး မျှော်လင့်ထားကြပါသည်။ အဆိုပါရုပ်ရှင်သည် ၂၀၂ဝခုနှစ်၏ နိုဝင်ဘာလတွင် ထွက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြပါသည်။

Source: Anneyongoppa

Share