Park Seo Joon ​၏ ကိုယ်ရေးရာဇဝင် နှင့် သူ​၏အနုပညာလမ်းကြောင်း အကြာင်း

Park Seo Joon သည် တောင်ကိုရီးယားသရုပ်ဆောင် တဦး ဖြစ်ပီး ၁၉၈၈ခုနှစ်၊ ဒီဇင်ဘာ ၁၆ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ညီအစ်ကိုသုံးယောက်၌ အကြီးဆုံးဖြစ်ကာ ဆိုးလ်၌ မွေးသည်။အန်နန်အထက်ကျောင်း ပြီးဆုံးသော်၊ ဆိုးလ်အနုပညာကောလိပ်သို့ တက်ရောက်ခဲ့ပြီး၊ စစ်မှုထမ်းဆောင်ရန် ၂၀၀၈ ၌ စာရင်းပေးခဲ့သည်။

အရပ် ၁၈၅ စင်တီ၊ ၆၉ ကီလို အလေးချိန်ရှိသော ပတ်သည် အလယ်တန်းကျောင်းသားဘဝတုန်းက ဘေ့စ်ဘောလက်ရွေးစင် ဖြစ်ရန် ရည်မှန်းခဲ့သော်လည်း၊ အထက်တန်း ပထမနှစ်လောက်မှာ သရုပ်ဆောင်ဖြစ်ရန် စိတ်ဝင်စားလာခဲ့သည်။မိဘများကလည်း မကန့်ကွက်သည့်အတွက်၊ သူငယ်ချင်းများကလည်း အကြံဉာဏ်များ ပေးသည့်အတွက် ပြဇာတ်သရုပ်ဆောင်ခြင်းကို အထူး လေ့လာသည်။

တက္ကသိုလ် စတက်သည့် အသက် ၂၀ မှာပင် သူငယ်ချင်းများ စစ်မှုထမ်းရန် စာရင်းပေးနေကြ၍ အတူတူ စာရင်းပေးလိုက်ခြင်းက ကိုရီးယားအနုပညာရှင်များကြားတွင် နောင်အခါ အနုပညာလမ်းကြောင်းပေါ် မရောက်မီ စစ်မှုထမ်း ပြီးစီးသော အနုပညာရှင် အနည်းစု စာရင်းထဲ ဝင်သွားပေသည်။ဝါသနာမှာ ကွန်ပျူတာဂိမ်းနှင့် ဘေ့စ်ဘော ကစားခြင်း ဟူသတည်း။

Park Seo Joon သည် ဘန်ယောင်ဂွတ်၏ တေးဗီဒီယို၌ ပါဝင်ခြင်းဖြင့် ၂၀၁၁ ၌ စတင်ပွဲဦးထွက်ခဲ့သည်။ ထို့နောက် Dream High 2, One warm word, A witch’s Love စသော ရုပ်သံဇာတ်လမ်းတွဲများ၌ သရုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၃အောက်တိုဘာမှ ၂၀၁၅ ဧပြီထိ Music Bank အစီအစဉ်၏ တင်ဆက်သူ လုပ်ခဲ့သည်။၂၀၁၅ ၌ She was Pretty ဇာတ်လမ်းတွဲကြောင့် တဟုန်ထိုး ကျော်ကြားလာသည်။

၂၀၁၆ ၌၊ သမိုင်းနောက်ခံပြု လူငယ်ဇာတ်လမ်း Hwarang (ဟွားရန်)ရိုက်ကူးသည်။ ခေါင်းဆောင်အဖြစ် လုပ်ကွက်ရသည်ဟုဆိုနိုင်သော Midnight Runners ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါသည်။၂၀၁၇ တွင်တော့ KBS ရုပ်သံလိုင်းမှ ထုတ်လွှင့်သော အချစ်ဇာတ်လမ်းတွဲ Fight For My ways တွင် ကင်ဂျီဝန်းနှင့် အပြိုင် သရုပ်ဆောင်သည်။

ယခု၂၀၂၀ ခုနှစ်တွင်တော့ JTBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော Itaewon Class ဇာတ်လမ်းတွဲဖြင့် အောင်မြင်မှုများကို ရရှိခဲ့ပြန်ပါသည်။ မင်းသားဟာ ယခုဆိုလျှင်လည်း အောင်မြင်နေသော မင်းသမီးတစ်လတ်ဖြစ်သော IU နှင့်အတူ Dream ဆိုသည့်ရုပ်ရှင်အား ရိုက်ကူးနေပီပဲ ဖြစ်ပါသည်။ Park Seo Joon ဟာ လက်ရှိတွင်တော့ တောင်ကိုရီးယားနိုင်ငံ​၏ အောင်မြင်ဆုံး မင်းသားတစ်ဦး အဖြစ်ရပ်တည်နေတာပဲဖြစ်ပါတယ်။

သူ​၏ ပြောင်မြောက်သော သရုပ်ဆောင်ချက်များကြောင့် ဆုပေါင်းများစွာကိုလည်း ရရှိခဲ့ပီး အနာဂတ်တွင်လည်း ဆက်လက် ရရှိနေဦးမှာပဲ ဖြစ်ပါတယ်။ Park Seo Joon ရဲ့ပရိတ်သတ်လေးတွေရှိတယ်ဆိုရင်လည်း Myanmar Cele Bar post အောက်မှာ comment လေးရေးသားပေးခဲ့ပါဦးရှင့်။

Source: Dar Dar

Share