စစ်မှုထမ်းပြီးနောက် Kim Soo Hyun ၏အသစ်ထွက်ရှိလာမည့် ဇာတ်လမ်းတွဲအသစ်အကြောင်း တစ်စိတ်တပိုင်း

မင်းသား Kim Soo Hyun ဟာ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ TVN မှထုတ်လွှင့်မည့် Psycho But It’s Okay ဇာတ်လမ်းတွဲတွင် ပါဝင်မည်ဟု တရားဝင်ကြေငြာခဲ့ပါသည်။ အဆိုပါဇာတ်လမ်းတွဲဟာ Kim Soo Hyun စစ်တပ်မှထွက်ရှိလာပီး ပထမဆုံးခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးမည့် ဇာတ်လမ်းတွဲပင် ဖြစ်ပါသည်။

Psycho But It’s Okay ဇာတ်လမ်းတွဲဟာ ပုံမှန်မဟုတ်ပဲ ထူးခြားဆန်းပြားတဲ့အချစ်ဟာသဇာတ်လမ်းတွဲမျိုးပဲ ဖြစ်ပါတယ်။ Kim Soo Hyun ကတော့ Moon Kang Tae ဆိုသည့် အများပြည်သူအကျိုးပြု ကျန်းမားရေးဝန်ထမ်းတစ်ဦး အဖြစ်သရုပ်ဆောင်မှာပါ။ သူဟာအချစ်ကို မယုံကြည်သော၊ ချစ်ရမှာကို ကြောက်နေသော လူငယ်တစ်ဦးပဲ ဖြစ်ပါတယ်။

Moon Kang Tae ဟာ စိတ်ပုံမှန်မဟုတ်သော သူ၏ အစ်ကိုကို ပြုစုစောင့်ရှောက်ပေးနေသော ညီတစ်ဦးပဲ ဖြစ်ပါတယ်။ အလုပ်တွင်တော့ Kim Soo Hyun ဟာ စိတ်ရောဂါနှင့် ပက်သက်သော လူနာများကိုစောင့်ရှောက်ပေး နေရသူပဲ ဖြစ်ပါသည်။ ခေါင်းဆောင်မင်းသမီး အဖြစ်တော့ Seo Ye Ji မှပါဝင်မည်ဖြစ်ပီး သူမကတော့ အချစ်ရေးနှင့် ပက်သက်၍ အတွေ့အကြုံမရှိသေးသော စာရေးဆရာမ ဇာတ်ကောင်ကို သရုပ်ဆောင်မှာပဲ ဖြစ်ပါသည်။

အချစ်ကိုရှောင်ဖယ်နေသောသူနှင့် အချစ်နှင့်ပက်သက်၍ လုံးဝအတွေ့အကြုံမရှိသေးတဲ့ ဇာတ်ကောင်နှစ်ဦးကြားမှာ အချစ်ဆိုသည့်အရာတခု ပေါက်ဖွားလာခဲ့ပီး နောက်ဆုံးတွင်တော့ သူတို့နှစ်ဦး၏ဇာတ်လမ်း မည်သို့အဆုံးသတ်မည်ကို ပရိတ်သတ်ကြီးကတော့ ဇာတ်လမ်းတွဲထွက်လာလျှင် စောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်။ အဆိုပါ ဇာတ်လမ်းတွဲကိုတော့ ဇွန်လ ၂၀ ရက်နေ့တွင် TVN ရုပ်သံလိုင်းမှ ထုတ်လွှင့်မှာပဲ ဖြစ်ပါတယ်။

(Zawgyi)

မင္းသား Kim Soo Hyun ဟာ ဇန္နဝါရီလ ၂၈ ရက္ေန႔မွာ TVN မွထုတ္လႊင့္မည့္ Psycho But It’s Okay ဇာတ္လမ္းတြဲတြင္ ပါဝင္မည္ဟု တရားဝင္ေၾကျငာခဲ့ပါသည္။ အဆုိပါဇာတ္လမ္းတြဲဟာ Kim Soo Hyun စစ္တပ္မွထြက္႐ွိလာပီး ပထမဆုံးေခါင္းေဆာင္မင္းသားအျဖစ္ ႐ုိက္ကူးမည့္ ဇာတ္လမ္းတြဲပင္ ျဖစ္ပါသည္။

Psycho But It’s Okay ဇာတ္လမ္းတြဲဟာ ပုံမွန္မဟုတ္ပဲ ထူးျခားဆန္းျပားတဲ့အခ်စ္ဟာသဇာတ္လမ္းတြဲမ်ဳိးပဲ ျဖစ္ပါတယ္။ Kim Soo Hyun ကေတာ့ Moon Kang Tae ဆုိသည့္ အမ်ားျပည္သူအက်ဳိးျပဳ က်န္းမားေရးဝန္ထမ္းတစ္ဦး အျဖစ္သ႐ုပ္ေဆာင္မွာပါ။ သူဟာအခ်စ္ကုိ မယုံၾကည္ေသာ၊ ခ်စ္ရမွာကုိ ေၾကာက္ေနေသာ လူငယ္တစ္ဦးပဲ ျဖစ္ပါတယ္။

Moon Kang Tae ဟာ စိတ္ပုံမွန္မဟုတ္ေသာ သူ၏ အစ္ကုိကုိ ျပဳစုေစာင့္ေ႐ွာက္ေပးေနေသာ ညီတစ္ဦးပဲ ျဖစ္ပါတယ္။ အလုပ္တြင္ေတာ့ Kim Soo Hyun ဟာ စိတ္ေရာဂါႏွင့္ ပက္သက္ေသာ လူနာမ်ားကုိေစာင့္ေ႐ွာက္ေပး ေနရသူပဲ ျဖစ္ပါသည္။ ေခါင္းေဆာင္မင္းသမီး အျဖစ္ေတာ့ Seo Ye Ji မွပါဝင္မည္ျဖစ္ပီး သူမကေတာ့ အခ်စ္ေရးနွင့္ ပက္သက္၍ အေတြ႕အၾကဳံမ႐ွိေသးေသာ စာေရးဆရာမ ဇာတ္ေကာင္ကုိ သ႐ုပ္ေဆာင္မွာပဲ ျဖစ္ပါသည္။

အခ်စ္ကုိေ႐ွာင္ဖယ္ေနေသာသူႏွင့္ အခ်စ္ႏွင့္ပက္သက္၍ လုံးဝအေတြ႔အၾကဳံမ႐ွိေသးတဲ့ ဇာတ္ေကာင္ႏွစ္ဦးၾကားမွာ အခ်စ္ဆုိသည့္အရာတခု ေပါက္ဖြားလာခဲ့ပီး ေနာက္ဆုံးတြင္ေတာ့ သူတုိ႔ႏွစ္ဦး၏ဇာတ္လမ္း မည္သုိ႔အဆုံးသတ္မည္ကုိ ပရိတ္သတ္ႀကီးကေတာ့ ဇာတ္လမ္းတြဲထြက္လာလ်ွင္ ေစာင့္ေမ်ွာ္ၾကည့္႐ႈလုိက္ပါဦးေနာ္။ အဆုိပါ ဇာတ္လမ္းတြဲကုိေတာ့ ဇြန္လ ၂၀ ရက္ေန႔တြင္ TVN ႐ုပ္သံလုိင္းမွ ထုတ္လႊင့္မွာပဲ ျဖစ္ပါတယ္။

Source: Anneyongoppa

Share