Exo အဖွဲ့ဝင် Baekhyun ၏ Backup dancer မိန်းကလေးတစ်ဦးအား ပရိတ်သတ်များ စိတ်ဝင်စားမှုရှိနေ

Exo အဖွဲ့ဝင် Baekhyun ၏ Backup dancer ဖြစ်သော ကောင်မလေးတစ်ဦးကတော့ ယခုလတ်တလောတွင် Kpop ပရိတ်သတ်ကြီး၏ စိတ်ဝင်စားမှုကို အပြင်းအထန်ရရှိထားပါသည်။ အထူးသဖြင့် Baekhyun ၏အသစ်ထွက်ရှိသော MV တွင်သူမ၏ ချစ်စရာကောင်းသော ပုံရိပ်လေးပါလာသောကြောင့်ပင် ဖြစ်ပါတယ်။

မေလ ၂၅ ရက်နေ့တွင် Baekhyun ဟာ Solo artist အနေနဲ့သူရဲ့ second mini-album ဖြစ်တဲ့ Delight ကိုထုတ်ခဲ့ပါသည်။ ထိုအထဲကမှ Candy ဆိုသည့် MV ဟာ You Tube တွင် ချက်ချင်းဆိုသလို ကြည့်ရှုသူသန်းပေါင်းများစွာ ရှိခဲ့ပါသည်။

Candy သီချင်းဟာ ပရိတ်သတ်များဆီကနေ ကောင်းမွန်သည့်တုန့်ပြန်ချက်များစွာရသည့်အပြင် မေလအတွင်းထွက်ရှိထားသော Kpop MV များထဲတွင် View အများဆုံးရရှိခဲ့တာပင် ဖြစ်ပါသည်။ EXO-Ls အများစုကလည်း MVထဲရှိ Baekhyun ၏ ချောမောသောသွင်ပြင်နှင့် သူ၏အကစွမ်းရည်ကို သတိထားမိရုံသာမျှမက အကြောင်းအမျိုးမျိုးကြောင့် Backup dancer တစ်ဦးဖြစ်သော အမျိုးသမီးငယ်လေးကိုပါ သတိပြုမိကြပါသည်။

Backup dancer အများကြီးထဲမှာမှ သူမဟာBaekhyun နှင့် တွဲ၍ကနိုင်ရုံမျှမက သူမနှင့် Baekhyun နှင့်ကြားက sweet chemistry ကိုပါ ပရိတ်သတ်ကြီးက ချီးကျူ းနေကြပါသည်။ EXO-Ls တွေက အဆိုပါမိန်းကလေးကို ကံကောင်းသူတစ်ဦး ဖြစ်တယ်လို့လည်း ဆိုကြပါသည်။

အကြောင်းအရင်းကတော့ Baekhyun ဟာ မိန်ကလေးတိုင်းလိုချင်သည့် သူ့၏အပြုံးချိုချိုလေးနှင့် ကောင်မလေးအား ပြုံးပြခဲ့ခြင်းကြောင့်ဖြစ်သည်။ ဒါ့အပြင် အဆိုပါ Backup dancerမလေးဟာ Kpop idol တစ်ဦးကဲ့သို့ ရုပ်ရည်ချောမောနေပီး သူမရဲ့အကစွမ်းရည်မှာလည်း ပြောင်မြောက်လှပါသည်။

ဒါဟာသူမအပေါ် ပရိတ်သတ်ကစိတ်ဝင်စားတာ ပထမဆုံးမဟုတ်ပါ။ သူမဟာ Kang Daniel ၏ 2U တွင်ပါဝင်ခဲ့ဖူးပါသေးသည်။ သူမရဲ့ idol တစ်ဦးနှင့်တူသော ရုပ်ရည်၊ ထူးခြားသော ပြောင်မြောက်သော အကစွမ်းရည်ကို ပရိတ်သတ်များက အထူးပင် အအားသင့်နေကြပါတယ်။ ယခုဆိုလျှင်လည်း Baekhyun ရဲ့ MV အသစ်ဟာ iTunes, MelOn, QQ Music တို့တွင် No.1 ရရှိခဲ့ပါသည်။

Source: Kpopstarz

  • (Zawgyi) Exo အဖွဲ့ဝင် Baekhyun ၏ Backup dancer မိန်းကလေးတစ်ဦးအား ပရိတ်သတ်များ စိတ်ဝင်စားမှုရှိနေ







Source: Kpopstarz

Share