မျက်လုံးဝိုင်းလေးတွေနဲ့အရမ်းချစ်ဖို့ကောင်းလွန်းတဲ့မင်းသမီးချောလေး Nadine

‌ယခုအခါမှာတော့ မြန်မာပြည်မှာ လူကြိုက်များလာတဲ့ဖိလစ်ပိုင်မင်းသမီးလေး Nadine Alexis Paguia Lustre အကြောင်းကိုဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။ Nadine ကို 1993 ခုနှစ်အောက်တိုဘာလ 31 ရက်နေ့တွင် Quezon မြို့တွင်မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့မိဘတွေကတော့ Ulyses Lustre နဲ့ Myrasquel Paguis Lustre တို့ဘဲဖြစ်ကြပါတယ်။

Nadine ဟာ Assumption College San Lorenzo ကနေကျောင်းပြီးထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာငယ်စဉ်တည်းကအနုပညာအလုပ်တွေကိုဝါသနာပါခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသက် 9 နှစ်အရွယ်ထဲကစတင်ပြီး Tv host အဖြစ်လုပ်ကိုင်နေသူတစ်ယောက်ပါ။

သူမဟာ အခုဆိုရင်တော့ သရုပ်ဆောင်/အဆိုတော်/Dance/ Recording artist /သီချင်းရေးဆရာ/Rapper/model စသဖြင့်အနုပညာလှုပ်ရှားမှုများစွာကိုလုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။သူမဟာပန်းချီဆွဲရတာနဲ့ skate စီးရတာကိုလည်းဝါသနာပါ ပါသေးတယ်။

သူမဟာ 2016 ခုနှစ်မှာလည်း The most beautiful women in Philippines ဆုကိုရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ပြီးတော့ Nadine ဟာ sony အမှတ်တံဆိပ်ရဲ့ Philippines Ambassador တစ်ယောက်လည်းဖြစ်ပါသေးတယ်။သူမရဲ့ ကိုယ်ပိုင် Album ဖြစ်တဲ့ Total princess ဟာလည်းအခွေပေါင်း 7 သောင်းထိရောင်းချခဲ့ရပြီး Gold Record Award ကိုရရှိခဲ့ပါတယ်။သူမဟာ Female group ဖြစ်တဲ့ pop girls ရဲ့အဖွဲ့ဝင်လည်းဖြစ်ခဲ့ဖူးပါသေးတယ်။

သူမရဲ့နာမည်ကြီးခဲ့တဲ့ရုပ်ရှင်ကားတွေကတော့ Diary Ng Panget / Talkback and You’re Dead / Have you seen this girl/ On the wing of love / Till I met You စသည်တို့ ဘဲဖြစ်ကြပါတယ်။ On the wing of love ကတော့မြန်မာပြည်ကလူတွေရဲ့ အသည်းနှလုံးတည်းကို စတင်ရောက်လာခဲ့တဲ့ကားလို့ပြောလို့ရပါတယ်။ အဲ့ကားထားကမင်းသား James နဲ့ Nadine ဟာအပြင်မှာတကယ်ချစ်သူတွေလည်းဖြစ်ကြပါတယ်ရှင့်။

  • (Zawgyi) ‌မျက်လုံးဝိုင်းလေးတွေနဲ့အရမ်းချစ်ဖို့ကောင်းလွန်းတဲ့မင်းသမီးချောလေး Nadine






Source: Pyae Pyae

Share