လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေသော Seo Kang Joon ၏ Idol ဘဝမှ ထိပ်တန်းမင်းသားဘဝဆီသို့ လျှောက်ခဲ့တဲ့လမ်း

Are You Human Too ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ တစ်ရှိန်ထိုးအောင်မြင်မှုတွေရခဲ့ပြီး လက်ရှိမှာ နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲဖြစ်တဲ့ ထိပ်တန်းမင်းသား Seo Kang Joon ရဲ့ အနုပညာခရီးလမ်းအစကတော့ သရုပ်ဆောင်အနေနဲ့ စတင်လျှောက်လှမ်းခဲ့တာတော့မဟုတ်ပါဘူး။

Seo Kang Joon ဆိုတာ အနုပညာနာမည်ဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ Lee Seung Hwan (အီဆွန်းဟွမ်) ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၂ ရက်၊ ၁၉၉၃ မှာမွေးလို့ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့သူဟာ ၂၀၁၂ ခုနှစ် သူ့အသက် ၁၉ နှစ်အရွယ်မှာ 5urprise ဆိုတဲ့ kpop အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ပြီး အဆိုတော်အဖြစ်စတင်ခဲ့ပါတယ်။

အဆိုတော်အနေနဲ့ပွဲဦးထွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အောင်မြင်ခဲ့တဲ့ To The Beautiful You ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပေမယ့် အဓိကဇာတ်ရုပ်လဲမဟုတ်သလို ပရိတ်သတ်အချို့သာ သတိထားခဲ့မိပြီး ၂၀၁၅ ခုနှစ်ထွက် Hwajung နဲ့ ၂၀၁၆ ခုနှစ် Cheese In the Trap ဇာတ်လမ်းတွဲမှာတော့ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဇာတ်လမ်းတွဲပေါင်း ၁၅ ခုနဲ့ ရုပ်ရှင် ၃ ကားရိုက်ကူးပြီးပါပြီ။

သူ့ကိုထိပ်တန်းမင်းသားဖြစ်စေခဲ့တာကတော့ Are You Human Too ဆိုတဲ့ ဇာတ်လမ်းတွဲပါ။ သူ့ရဲ့တည်ငြိမ်တဲ့အသွင်နဲ့ ပြီးပြည့်စုံတဲ့ချောမောမှုက စက်ရုပ်ဇာတ်ကောင်နဲ့အထူးလိုက်ဖက်မှုရှိခဲ့သလို ဇာတ်ကောင်နှစ်ခုသရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်စွမ်းရည်ကိုလဲ ပြသခွင့်ရခဲ့ပါတယ်။

အောင်မြင်လာပြီးနောင် မကြာသေးမီက မင်းသမီး Park Minyoung နဲ့ When The Weather is Fine ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးထားပါသေးတယ်။ အနုပညာခရီးလမ်းတစ်လျှောက် မှတ်တိုင်တွေအနေနဲ့တော့ ၂၀၁၈ ခုနှစ် KBS Drama Awards မှာ Excellent Actor ဆုရရှိခဲ့ပြီး ငါးကြိမ်မြောက် Korea Drama Awards မှာ Hot Star Award ကိုရရှိခဲ့ပါတယ်။

သရုပ်ဆောင်အပြင် အဆိုတော်လဲဖြစ်တာကြောင့် Seo Kang Joon ဟာ သီချင်းဆိုကောင်းသလို စန္ဒရားကိုလဲ ကျွမ်းကျင်စွာတီးတတ်ပါတယ်။ ပညာရေးအနေနဲ့လဲ Dong Seoul ကောလိပ်ကနေ Performing Arts အထူးပြုနဲ့ဘွဲ့ရရှိထားသူတစ်ဦးပါ။ အချစ်ရေးအနေနဲ့ကတော့ သတင်းထူးထူးခြားခြားမရှိသေးတဲ့ single လေးပါ။

Seo Kang Joon ကိုချစ်တဲ့ပရိတ်သတ်တွေလဲ သူ့အကြောင်းလေးကို စုံစုံလင်လင်သိလိုက်ရလို့ ကျေနပ်မယ်လို့ထင်ပါတယ်နော်။ အာရှအနုပညာသတင်းတွေကို အချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးနေတဲ့ Myanmar Cele Bar ကို like နဲ့ follow လုပ်ထားပေးကြပါဦးနော်။

  • (Zawgyi) Idol ဘဝမွသည္ ထိပ္တန္းမင္းသားဘဝဆီသို႔ Seo Kang Joon ေလၽွာက္ခဲ့တဲ့လမ္း

Are You Human Too ဆိုတဲ့ ဇာတ္လမ္းတြဲနဲ႔ တစ္ရွိန္ထိုးေအာင္ျမင္မႈေတြရခဲ့ၿပီး လက္ရွိမွာ ႏႈတ္ခမ္းနီမေလးေတြရဲ့အသဲစြဲျဖစ္တဲ့ ထိပ္တန္းမင္းသား Seo Kang Joon ရဲ့ အႏုပညာခရီးလမ္းအစကေတာ့ သ႐ုပ္ေဆာင္အေနနဲ႔ စတင္ေလၽွာက္လွမ္းခဲ့တာေတာ့မဟုတ္ပါဘူး။

Seo Kang Joon ဆိုတာ အႏုပညာနာမည္ျဖစ္ၿပီး သူ႔ရဲ့နာမည္အရင္းကေတာ့ Lee Seung Hwan (အီဆြန္းဟြမ္) ျဖစ္ပါတယ္။ ေအာက္တိုဘာလ ၁၂ ရက္၊ ၁၉၉၃ မွာေမြးလို႔ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့သူဟာ ၂၀၁၂ ခုႏွစ္ သူ႔အသက္ ၁၉ ႏွစ္အရြယ္မွာ 5urprise ဆိုတဲ့ kpop အဖြဲ႕နဲ႔ ပြဲဦးထြက္ခဲ့ၿပီး အဆိုေတာ္အျဖစ္စတင္ခဲ့ပါတယ္။

အဆိုေတာ္အေနနဲ႔ပြဲဦးထြက္ခဲ့ၿပီး ၂၀၁၂ ခုႏွစ္မွာ ေအာင္ျမင္ခဲ့တဲ့ To The Beautiful You ဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရခဲ့ေပမယ့္ အဓိကဇာတ္႐ုပ္လဲမဟုတ္သလို ပရိတ္သတ္အခ်ိဳ႕သာ သတိထားခဲ့မိၿပီး ၂၀၁၅ ခုႏွစ္ထြက္ Hwajung နဲ႔ ၂၀၁၆ ခုႏွစ္ Cheese In the Trap ဇာတ္လမ္းတြဲမွာေတာ့ အတိုင္းအတာတစ္ခုအထိ ေအာင္ျမင္မႈရရွိခဲ့ပါတယ္။ လက္ရွိအခ်ိန္ထိ ဇာတ္လမ္းတြဲေပါင္း ၁၅ ခုနဲ႔ ႐ုပ္ရွင္ ၃ ကားရိုက္ကူးၿပီးပါၿပီ။

သူ႔ကိုထိပ္တန္းမင္းသားျဖစ္ေစခဲ့တာကေတာ့ Are You Human Too ဆိုတဲ့ ဇာတ္လမ္းတြဲပါ။ သူ႔ရဲ့တည္ၿငိမ္တဲ့အသြင္နဲ႔ ၿပီးျပည့္စုံတဲ့ေခ်ာေမာမႈက စက္႐ုပ္ဇာတ္ေကာင္နဲ႔အထူးလိုက္ဖက္မႈရွိခဲ့သလို ဇာတ္ေကာင္ႏွစ္ခုသ႐ုပ္ေဆာင္နိုင္တဲ့ သ႐ုပ္ေဆာင္စြမ္းရည္ကိုလဲ ျပသခြင့္ရခဲ့ပါတယ္။

ေအာင္ျမင္လာၿပီးေနာင္ မၾကာေသးမီက မင္းသမီး Park Minyoung နဲ႔ When The Weather is Fine ဆိုတဲ့ ဇာတ္လမ္းတြဲကို ရိုက္ကူးထားပါေသးတယ္။ အႏုပညာခရီးလမ္းတစ္ေလၽွာက္ မွတ္တိုင္ေတြအေနနဲ႔ေတာ့ ၂၀၁၈ ခုႏွစ္ KBS Drama Awards မွာ Excellent Actor ဆုရရွိခဲ့ၿပီး ငါးႀကိမ္ေျမာက္ Korea Drama Awards မွာ Hot Star Award ကိုရရွိခဲ့ပါတယ္။

သ႐ုပ္ေဆာင္အျပင္ အဆိုေတာ္လဲျဖစ္တာေၾကာင့္ Seo Kang Joon ဟာ သီခ်င္းဆိုေကာင္းသလို စႏၵရားကိုလဲ ကၽြမ္းက်င္စြာတီးတတ္ပါတယ္။ ပညာေရးအေနနဲ႔လဲ Dong Seoul ေကာလိပ္ကေန Performing Arts အထူးျပဳနဲ႔ဘြဲ႕ရရွိထားသူတစ္ဦးပါ။ အခ်စ္ေရးအေနနဲ႔ကေတာ့ သတင္းထူးထူးျခားျခားမရွိေသးတဲ့ single ေလးပါ။

Seo Kang Joon ကိုခ်စ္တဲ့ပရိတ္သတ္ေတြလဲ သူ႔အေၾကာင္းေလးကို စုံစုံလင္လင္သိလိုက္ရလို႔ ေက်နပ္မယ္လို႔ထင္ပါတယ္ေနာ္။ အာရွအႏုပညာသတင္းေတြကို အခ်ိန္နဲ႔တစ္ေျပးညီတင္ဆက္ေပးေနတဲ့ Myanmar Cele Bar ကို like နဲ႔ follow လုပ္ထားေပးၾကပါဦးေနာ္။

Source: Dar Dar

Share