မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးသွားသော My Husband in law ဇာတ်လမ်းတွဲအကြောင်း (Movie Review)

My husband in law ဇာတ်လမ်းတွဲသည် လက်ရှိတွင် ကြည့်ရှုသူနှုန်းများနေသော drama တစ်ခုဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင်သာမက မြန်မာနိုင်ငံတွင်ပါ နာမည်ကြီးနေသော ဇာတ်လမ်းကောင်းတစ်ခုပင် ဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲတွင် မင်းသမီး Mew Nitta Jirayungyuan နှင့် မင်းသား Mark Prin Suparat တို့မှ အဓိက သရုပ်ဆောင်များအဖြစ် ပါဝင်ထားပါတယ်။

Channel 3 လိုင်းမှထုတ်လွှင့်ပီး အပိုင်း၁၅ ပိုင်း ပါဝင်မည်ဟု သိရပါတယ်။ ဇာတ်လမ်းတွဲကို April လ ၂၁ရက်နေ့တွင်စတင် ထုတ်လွှင့်ခဲ့ပီး ထုတ်လွှင့်လွှင့်ချင်းမှာပင် အားပေးကြည့်ရှုသူများပြားခဲ့ပါတယ်။ မြန်မာနိုင်ငံ​၏ ရှုခင်းများကိုလည်း ဇာတ်လမ်းတွဲ​၏ တစ်ဝက်နီးပါးခန့် ပါဝင်ရိုက်ကူးထားခဲ့သဖြင့် မြန်မာပရိတ်သတ်ကြားတွင်လည်း ဟိုလေးတကျော်ကျော် နာမည်ကြီးနေပါတယ်။

‘ ဇာတ်လမ်းအကျဉ်း ‘

မေဟာ ငယ်ငယ်တည်းက မေ့အမေအရင်းဖြစ်သူ ဆုံးပါးသွားခဲ့လို့ အမေ့သူငယ်ချင်းဖြစ်သူ ဂျီရဲ့ မွေးစားသမီးအဖြစ်နဲ့ နေထိုင်ခဲ့ရတယ်။မွေးစားအမေရဲ့ သားအရင်းဖြစ်သူ ထင်ကိုမှ သဘောကျမိခဲ့ပြီး ဘာပဲဖြစ်လာလာ အနစ်နာခံ ချစ်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ထင်ကတော့ ညီမလေးတစ်ယောက်ထက်မပိုခဲ့ပဲ အမြဲစနောက်အနိုင်ကျင့်နေခဲ့တယ်…တစ်ရက်…ထင်က အာဏာရှိ ယောက်ျားတစ်ယောက်ရဲ့ မိန်းမဖြစ်သူယာဒါနဲ့ သွားပတ်သတ်မိခဲ့ပြီး ဒီပတ်သတ်မှုကို ရပ်တန့်ဖို့အတွက် မေနဲ့ လက်ထပ်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။

ဘယ်လိုမှမဖြစ်တဲ့အဆုံး ထင်က လက်ထပ်မှုဟာ အတုယောင်သာဖြစ်ကြောင်း အားလုံးပြီးရင် ကွာရှင်းဖို့ မေနဲ့ နှစ်ဦး တိုင်ပင်ပြီး အယောင်ဆောင် လက်ထပ်ခဲ့ပါတော့တယ် ။သူတို့ လက်ထပ်မှုကြား ယာဒါက ပြန်လည်နှောင့်ယှက်လာချိန်မှာတော့ ဘာတွေဖြစ်လာဦးမလဲ…

ထင်ကတော့ သူ့အပေါ်အနစ်နာခံပေးတဲ့ မေကို တကယ်ချစ်လာမှာလား….ဒီဇာတ်လမ်းတွဲလေးကတော့ အချစ်ဟာသဆန်ဆန်လေးဖြစ်ပြီး မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးသွားတာလည်း ဖြစ်ပါတယ်။

အင်းလေး ၊ပုဂံ ၊ရွှေတိဂုံစတဲ့ နေရာတွေမှာ ရိုက်ကူးသွားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ရှုခင်းအလှတွေကို ပေါ်လွင်စေခဲ့ပါတယ်❤ မြန်မာအစားသောက်၊ ရိုးရာဝတ်စုံများကိုပါ စနစ်တကျထည့်သွင်းရိုက်ကူးပီး မြန်မာဓလေ့များကို တလေးတစားရိုက်ကူးထားသော ဇာတ်လမ်းတွဲ တစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲအား တနင်္လာနေ့ နှင့် အင်္ဂါနေ့များတွင် ကြည့်ရှုနိုင်ပါတယ်။

  • (Zawgyi) ျမန္မာနိုင္ငံတြင္ လာေရာက္ရိုက္ကူးသြားေသာ My Husband in law ဇာတ္လမ္းတြဲအေၾကာင္း (Movie Review)

My husband in law ဇာတ္လမ္းတြဲသည္ လက္ရွိတြင္ ၾကည့္ရႈသူႏႈန္းမ်ားေနေသာ drama တစ္ခုျဖစ္ပါသည္။ ထိုင္းနိုင္ငံတြင္သာမက ျမန္မာနိုင္ငံတြင္ပါ နာမည္ႀကီးေနေသာ ဇာတ္လမ္းေကာင္းတစ္ခုပင္ ျဖစ္ပါတယ္။ အဆိုပါဇာတ္လမ္းတြဲတြင္ မင္းသမီး Mew Nitta Jirayungyuan ႏွင့္ မင္းသား Mark Prin Suparat တို႔မွ အဓိက သ႐ုပ္ေဆာင္မ်ားအျဖစ္ ပါဝင္ထားပါတယ္။

Channel 3 လိုင္းမွထုတ္လႊင့္ပီး အပိုင္း၁၅ ပိုင္း ပါဝင္မည္ဟု သိရပါတယ္။ ဇာတ္လမ္းတြဲကို April လ ၂၁ရက္ေန႔တြင္စတင္ ထုတ္လႊင့္ခဲ့ပီး ထုတ္လႊင့္လႊင့္ခ်င္းမွာပင္ အားေပးၾကည့္ရႈသူမ်ားျပားခဲ့ပါတယ္။ ျမန္မာနိုင္ငံ​၏ ရႈခင္းမ်ားကိုလည္း ဇာတ္လမ္းတြဲ​၏ တစ္ဝက္နီးပါးခန႔္ ပါဝင္ရိုက္ကူးထားခဲ့သျဖင့္ ျမန္မာပရိတ္သတ္ၾကားတြင္လည္း ဟိုေလးတေက်ာ္ေက်ာ္ နာမည္ႀကီးေနပါတယ္။

‘ ဇာတ္လမ္းအက်ဥ္း ‘

ေမဟာ ငယ္ငယ္တည္းက ေမ့အေမအရင္းျဖစ္သူ ဆုံးပါးသြားခဲ့လို႔ အေမ့သူငယ္ခ်င္းျဖစ္သူ ဂ်ီရဲ့ ေမြးစားသမီးအျဖစ္နဲ႔ ေနထိုင္ခဲ့ရတယ္။ေမြးစားအေမရဲ့ သားအရင္းျဖစ္သူ ထင္ကိုမွ သေဘာက်မိခဲ့ၿပီး ဘာပဲျဖစ္လာလာ အနစ္နာခံ ခ်စ္ေပးခဲ့သူလည္းျဖစ္ပါတယ္။

ထင္ကေတာ့ ညီမေလးတစ္ေယာက္ထက္မပိုခဲ့ပဲ အျမဲစေနာက္အနိုင္က်င့္ေနခဲ့တယ္…တစ္ရက္…ထင္က အာဏာရွိ ေယာက္်ားတစ္ေယာက္ရဲ့ မိန္းမျဖစ္သူယာဒါနဲ႔ သြားပတ္သတ္မိခဲ့ၿပီး ဒီပတ္သတ္မႈကို ရပ္တန႔္ဖို႔အတြက္ ေမနဲ႔ လက္ထပ္ဖို႔ ဖိအားေပးခံခဲ့ရပါတယ္။

ဘယ္လိုမွမျဖစ္တဲ့အဆုံး ထင္က လက္ထပ္မႈဟာ အတုေယာင္သာျဖစ္ေၾကာင္း အားလုံးၿပီးရင္ ကြာရွင္းဖို႔ ေမနဲ႔ ႏွစ္ဦး တိုင္ပင္ၿပီး အေယာင္ေဆာင္ လက္ထပ္ခဲ့ပါေတာ့တယ္ ။သူတို႔ လက္ထပ္မႈၾကား ယာဒါက ျပန္လည္ေႏွာင့္ယွက္လာခ်ိန္မွာေတာ့ ဘာေတြျဖစ္လာဦးမလဲ…

ထင္ကေတာ့ သူ႔အေပၚအနစ္နာခံေပးတဲ့ ေမကို တကယ္ခ်စ္လာမွာလား….ဒီဇာတ္လမ္းတြဲေလးကေတာ့ အခ်စ္ဟာသဆန္ဆန္ေလးျဖစ္ၿပီး ျမန္မာနိုင္ငံမွာ လာေရာက္ရိုက္ကူးသြားတာလည္း ျဖစ္ပါတယ္ ။

အင္းေလး ၊ပုဂံ ၊ေရႊတိဂုံစတဲ့ ေနရာေတြမွာ ရိုက္ကူးသြားခဲ့တာျဖစ္ၿပီး ျမန္မာနိုင္ငံရဲ့ ရႈခင္းအလွေတြကို ေပၚလြင္ေစခဲ့ပါတယ္❤ ျမန္မာအစားေသာက္၊ ရိုးရာဝတ္စုံမ်ားကိုပါ စနစ္တက်ထည့္သြင္းရိုက္ကူးပီး ျမန္မာဓေလ့မ်ားကို တေလးတစားရိုက္ကူးထားေသာ ဇာတ္လမ္းတြဲ တစ္ခုလည္းျဖစ္ပါတယ္။ အဆိုပါဇာတ္လမ္းတြဲအား တနလၤာေန႔ ႏွင့္ အဂၤါေန႔မ်ားတြင္ ၾကည့္ရႈနိုင္ပါတယ္။

Source: My dramatist

Share