အသက်၄၂နှစ်ဟု မယုံကြည်နိုင်လောက်အောင် အရွယ်တင်နုပျိုနေသော Won Bin
မင်းသား Won Bin ကို နိုဝင်ဘာ ၁ဝရက် ၁၉ရရတွင်မွေးဖွားခဲ့ပါသည်။ မင်သားဟာ ယခုဆိုလျှင်တော့ အသက် ၄၂နှစ်ရှိပါပီ။ ၂၀၁၃ခုနှစ်တွင်တော့ မင်းသမီး Lee Na young နှင့် ချစ်သူတွေဖြစ်နေပီဆို၍ ကြေငြာခဲ့ပါသည်။ မေလ ၃ဝရက်နေ့၊ ၂၀၁၅ တွင်တော့ Won Bin နှင့် Lee Na Young တို့ဟာ လက်ထပ်ခဲ့ပါသည်။သူတို့အိမ်ထောင်ရေးမှာ ယခုဆိုလျှင်တော့ ရင်သွေးတစ်ယောက် ထွန်းကားနေပီပဲ ဖြစ်ပါတယ်။
Won Bin ၏အဓိကအောင်မြင်ခဲ့သော ဇာတ်လမ်းတွဲတခုမှာတော့ ၂ဝဝဝခုနှစ်တွင် ထွက်ရှိခဲ့သော Autumn in my heart(ဆောင်ဦးရွက်ကြွေချစ်သက်သေ) ဆိုသည့် ဇာတ်လမ်းတွဲပင် ဖြစ်ပါတယ်။ ထယ်စောက်ဆိုသည့် အမည်ဖြင့် မြန်မာပရိတ်သတ်ကြားတွင်လည်း နာမည်အရမ်းကြီးခဲ့ပါတယ်။
ကိုရီးယားဇာတ်လမ်းတွဲများကို ကြိုက်နှစ်သက်သော မိန်းကလေးတိုင်း၏ တချိန်က crush တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ယခု ၂၀၂ဝခုနှစ်၊ မေလ ၂၈ရက်နေ့တွင် Korea Fashion Olzen မှ သူ့၏ homepage တွင် Won Bin ၏ ဓာတ်ပုံများကို တင်ခဲ့ပါတယ်။
မင်းသားဟာ အသက် ၄၂ နှစ်အရွယ်၊ ကလေးတစ်ယောက်အဖေလို့ မထင်ရအောင်ပင် အရွယ်တင်နိုပျိုနေသောကြောင့် ပရိတ်သတ်များက များစွာအံသြနေကြပါတယ်။ Pose မျိုးစုံကိုလည်း သရုပ်ဖော်နိုင်သည့်အပြင် သူ၏ငယ်ရွယ်ချောမောသော ရုပ်ရည်ကြောင့် ပရိတ်သတ်များက မင်းသားအား ချီးကျူ းနေကြပါတယ်။
Won Bin ဟာဆိုရင် ၂၀၁၀ ခုနှစ်တွင် ရိုက်ကူးခဲ့သော The man from nowhere ရုပ်ရှင်အပီး အနုပညာလောကနှင့် အဆက်အသွယ် ပြတ်နေခဲ့တာပဲ ဖြစ်ပါတယ်။ modelပိုင်းတွင်သာ ပိုမိုလုပ်ဆောင်ချင်သောကြောင့်လို့လည်း ကြားရပါတယ်။ Won Bin ကိုချစ်တဲ့ ပရိတ်သတ်ကြီးကတော့ မင်းသားရဲ့အနုပညာလက်ရာတွေကို စောင့်မျှော်နေကြပါသေးတယ်။
  • (Zawgyi) အသက်၄၂နှစ်ဟု မယုံကြည်နိုင်လောက်အောင် အရွယ်တင်နုပျိုနေသော Won Bin
Source: Allkpop
Share