Son Ye Jin နှင့် သူမ၏အလန်းစား Airport Fashion များ

Crash Landing On You ဇာတ်လမ်းတွဲတွင် မင်းသား Hyun Binနှင့်အတူ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ပီးနောက် လူကြီးလူငယ်မရွေး၏ အချစ်ခံ မင်းသမီးတစ်လတ် ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းထဲတွင်လည်း အမျိုးသမီး CEO ဆိုသည့် ဇာတ်ရုပ်ကို ပီပြင်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။

ထိုကဲ့သို့ သူမ၏ဇာတ်ကောင်ကို ပရိတ်သတ်များချစ်ရသည့်အကြောင်းအရင်းမှာလည်း သူမ၏ စတိုင်ကျစွာ ဝတ်စားဆင်ယင်တတ်မှု၊ မိတ်ကပ်အပြင်အဆင်များကြောင့်လည်း ပါပါတယ်။ CEO ဆိုသည့်ဇာတ်ရုပ်နှင့်လိုက်အောင်လည်း Fashion ကိုသေချာ စမတ်ကျအောင် ဝတ်စားထားခဲ့သဖြင့် ကြည့်ရှုသူများအတွက်လည်း စိတ်ကျေနပ်ခဲ့ရပါတယ်။

သရုပ်ဆောင်သည့်ဇာတ်ရုပ် အတွက်သာမက သူမဟာလက်တွေ ့လောကတွင်လည်း ဖက်ရှင်ကျသော မင်းသမီးတစ်လတ် ဖြစ်ပါတယ်။ ထိုအထဲမှ သူမ၏ စမတ်ကျလှသည့် Airport Fashion အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။အမျိုးသမီး တစ်ယောက်၏ မိန်းကလေးဆန်သည့် အလှအပကို ပေါ်လွင်စေသည့် စကပ်အတိုလေးနှင့် အဖြူ ရောင် လက်တိုအကျႌလေး။ပို၍ချစ်စရာကောင်းသွားအောင် ငွေရောင်ဖိနပ်ကလေးနှင့် အဖြူရောင်မျက်မှန်လေး။

၂။ ပေါ့ပေါ့ပါးပါး black & white fashion လေး။ပိုမို၍ စမတ်ကျသွားအောင် မထူးလွန်းမမြင့်လွန်းသော heels လေးနှင့် တွဲဖက်၍ ဝတ်ဆင်ထား။

၃။ဆံပင်အတိုအကုပ်လေးနှင့် လိုက်ဖက်သော သိုးမွှေးအပြာရောင်ပါ jacket လေးနှင့် jean ကိုတွဲဖက်ဝတ်ဆင်ထား။ ပေါ့ပေါ့ပါးပါးလေး ဖြစ်သွားအောင် အနက်ရောင် sneakers လေးကိုဝတ်ထား။

၄။ ယောကျ်ားလေးဆန်ဆန် hoodies နှင့် baseball ဦးထုပ်လေးကို တွဲဖက်၍ ဝတ်ဆင်ထား။

၅။ဆယ်ကျော်သက်လေး တစ်ယောက်လို့ ထင်ရလောက်သည့် Fashionလေး။ ပေါ့ပေါ့ပါးပါးလေးဝတ်ထားပင်မဲ့ confidence အပြည့်ရှိသော အမျိုးသမီးတစ်ဦး အသွင်အပြင်။

Source: Koreaboo

Share