GMM မှ နောက်ထပ်ထွက်ရှိလာမည့် A Tale of Thousand Stars ဟူသော BLဇာတ်လမ်းတွဲသစ်အား ပရိတ်သတ်အထူးစိတ်ဝင်စားနေ

GMM ဟုဆိုလိုက်သည်နှင့် ထိုင်းနိုင်ငံ​၏ အောင်မြင်သောရုပ်ရှင် ထုတ်လုပ်ရေး Company တစ်ခု ဖြစ်ကြောင်း လူတိုင်းသိကြပါတယ်။ GMM မှ ထွက်ရှိခဲ့သော Sotus ( season1, season2 )၊ Theory of Love၊ 2gether the series စသော Bl series တို့မှာလည်း ထိုင်းတွင်သာမက မြန်မာ၊ တရုတ်၊ ဗီယင်မနမ် စသောအာရှတခွင်ခွင် ပြဲပြဲစင် အောင်မြင်နေပါတယ်။

ယခုထုတ်လွှင့်နေသော 2gether ဇာတ်လမ်းတွဲမှာလည်း မြန်မာပရိတ်သတ်ကြားတွင် ရေပန်းစားနေပါတယ်။ သို့သော် 2gether series ဟာ မကြာမီ ထုတ်လွင့်၍ ပီးဆုံးတော့ပါမည်။ ထိုကားနောက် တွင် မည့်သည့် ဇာတ်လမ်းတွဲကို ထုတ်လွှင့်မည်ဟု GMMမှ တရားဝင်တော့ မထုတ်ပြန်သေးပါ။


သို့သော် A tale of thousand stars ဆိုသော Bl ဇာတ်လမ်းတွဲသစ်​၏ နမူနာvideoကို October 15, 2019 တွင် GMMTV ​၏ official YouTube pageမှ ပရိတ်သတ်ထံ ပြသလိုက်ပါတယ်။ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်မည့်သူများကတော့ GMM​၏ ပင်တိုင်မင်းသား Earth Pirapat Watthanasetsiri နှင့် GMM​၏ မျက်နှာသစ်မင်းသားလေး Mix Sahaphap Wongratch တို့အပြင် အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

ဇာတ်လမ်းပုံစံမှာ ရွာကျောင်းလေးတခုမှာ Volunteerအဖြစ် ကလေးများကိုစာလာသင်ပေးသော ဆရာမလေး တစ်ယောက်ဟာ မမျှော်လင့်ပဲ ရုတ်တရက် ကားaccident ဖြင့်သေဆုံးသွားသဖြင့် သူမ​၏နှလုံးအား Tine (Mix) ဆိုသော ကောင်လေးထံသို့ လှူဒါန်း ခဲ့ပါတယ်။ Tineလည်း အလှူရှင်​၏ ဆန္ဒကို သူမ​၏Diary စာအုပ်လေးမှ တဆင့်သိရှိခဲ့ရပီးနောက် သူမဖြစ်စေချင်တဲ့အတိုင်း တောရွာလေးမှကလေးများထံသို့ ဆရာအဖြစ် ပညာသင်ကြားပေးရန် ထွက်လာခဲ့တော့တယ်။

ထို့နောက် ရွာလေးမှာ Phuppa (Earth) ဆိုတဲ့ ဗိုလ်မှုးကြီးနဲ့ ဆုံတွေခွင့် ရခဲ့တယ်။ Tineဟာ ဗိုလ်ကြီး Phuppaကိုမြင်တိုင်း အစားထိုးထားတဲ့နှလုံသားကြောင့်လား သူ​၏စိတ်ကြောင့်မှန်းမသိ အမြဲရင်ခုန်စိတ်လှုပ်ရှားမိနေသည်။ သူတို့ရဲ့အချစ်ရေးမှာ ရှေ့ဆက် ဖျောင့်ဖြူးမလား အခက်အခဲများနှင် ရင်ဆိုင်ရမလားဆိုတာကတော့ ပရိတ်သတ်ကြီးလည်း ဇာတ်လမ်းတွဲ ထွက်လာတဲ့အခါ မလွတ်တမ်း စောင့်ကြည့်သင့်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း Bl ဇာတ်လမ်းတွဲများ​၏ ပရိတ်သတ် တစ်ဦးဖြစ်သည့် အတွက်အများနှင့်အတူ ထိုဇာတ်လမ်းတွဲသစ်အား မျှော်လင့်နေပါသည်ဟု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါသည်။

Source: mydramalist

Share