Lady Gaga နှင့်အတူတူ သီချင်းသစ်ထွက်မည့် BLACKPINK

BLACKPINK အဖွဲ့မှာ YG entertainment လက်အောက်ရှိ မိန်းကလေး အဆိုတော်အဖွဲ့ ဖြစ်ပီး Jennie, Ji Soo, Rose, Lisa ဆိုတဲ့ ချစ်စရာ ကောင်မလေး လေးယောက်ဖြင့် ဖွဲ့စည်းထားပါတယ်။ သူတို့​၏ ယခုနောက်ဆုံး ထွက်ရှိထားသော Kill this Love အပါဝင် whistle, playing with fire, Boombayah စသောသီချင်းများမှာလည်း music charts တိုင်းတွင်သာမက Billboard မှာတွင်ပါ ဆုများချိတ်ခဲ့သော သီချင်းများဖြစ်သည်။

Lady Gagaဆိုသည်မှာလည်း internationalတွင် အောင်မြင်နေသော နာမည်ကြီး အမေရိကန်အဆိုတော် တစ်ဦးဖြစ်ကြောင်းကိုလည်း ပရိတ်သတ်များ အားလုံးသိရှိပီးသားပါ။ ဧပြီလ၂၃ရက်နေတွင် Lady Gaga ကသူမ​၏ အယ်လ်ဘမ် အသစ်ရဲ့ သီချင်း list ကို ထုတ်ပြခဲ့ပါတယ်။ သူရဲ့အဲလ်ဘမ် အသစ်ဇယားဟာ kpop ပရိတ်သတ် တော်တော်များများကို ပျော်ရွှင်စေခဲ့ပါတယ်။

အကြောင်းအရင်းမှာ Sour Candy ဆိုသောသီချင်းတွင် BLACKPINK မှ featuring အနေနဲ့ပါဝင်မှာ ဖြစ်သဖြင့် ဖြစ်သည်။ Lady Gaga သည် BLACKPINKနှင့် ပူပေါင်းသီဆိုမည့် အနောက်နိုင်ငံမှ တစ်ဦးတည်းသော အဆိုတော် မဟုတ်ချေ။ အခြားသော နာမည်ကြီး အဆိုတော်များနှင့် လည်း Blankpink မှာသီဆိုခွင့်ရခဲ့ပါတယ်။

2018 တွင် BLACKPINK သည် Dua lipa နှင့်အတူ KISS and Make up ဟူသော သီချင်းတစ်ပုဒ် လုပ်ခဲ့ပါသေးတယ်။ Kpop ပရိတ်သတ်များလည်း lady Gaga နှင့် BLACKPINK ​၏ ပူပေါင်းမှု အသစ်ကိုလည်း အများကြီး မျှော်လင့်ထားကြဟန် တူပါသည်။ သိုသော်လည်း Corona Virus ကြောင့် သီးချင်းအသစ် ထွက်ရှိရန် ရက်ကိုအတိအကျ မသိရှိရသေးပဲ ခေတ္တဆိုင်းငံ ထားဦးမည်ဟုဆိုသည်။

Source…SBS star

Share