BLACKPINK အဖွဲ့ဝင် Jennie ဟာ ပရိတ်သတ်တွေကို Instagram တွင် ပထမဆုံး Live လုပ်ပီး ပျော်ရွှင်စေခဲ့ပါတယ်။ အကြောင်းမှာ IG live တွင် BLACKPINK အဖွဲ့ဝင်များသာမက Big Bang အဖွဲ့မှ ခေါင်းဆောင် G-dragon ကိုလည်းတွေ့ခဲ့ရသောကြောင့်ပင်ဖြစ်သည်။ Jennie ဟာသူမ၏ ကိုယ်ပိုင် brand ဖြစ်သော “Jentle Home “ အမည်ဖြင့် မျက်မှန်ကို ပရိတ်သတ်ထံ ပြသချင်သောကြောင့် live လွှင့်ခဲ့တာဟုဆိုခဲ့ပါတယ်။
အဆိုပါမျက်မှန်မှာ သူမနှင့် နာမည်ကြီးမျက်မှန် brand တခုဖြစ်သော Gentle Monster နှင့်ပူးပေါင်း၍ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။သူမဟာ သူမရဲ့မျက်မှန်အသစ်ကို BLACKPINK အဖွဲ့ဝင်များနှင့် သူငယ်ချင်းများကို ပြသပီးဂုဏ်ယူနေခဲ့ပါသေးသည်။ ထိုအထဲတွင်မှ G-dragon ကို မျက်မှန်ကို အစမ်းတက်ကြည့်ရန် ပြောခဲ့ပါသည်။
ပထမတော့ GD ကထွက်ပြေးချင်ယောင်ဆောင်ခဲ့ပီး နောက်ပိုင်းတွင် မျက်မှန်တပ်ကာ စောင်ကြွာကြွားပုံစံဖြင့် သူနှင့်မျက်မှန်ဟာ ဘယ်လောက်လိုက် ဖက်ကြောင်း ဆိုခဲ့ပါတယ်။ Rose, jisoo, Lisa တို့လည်း Jennie ၏မျက်မှန် ကိုတပ်ကာ ပို့စ်မျိုးစုံပေးပြီး liveတစ်ခုလုံး ရယ်သံများဖြင့်လွှမ်းမိုးနေပါသည်။ ပရိသတ်ကြီးလည်း အပျော်များကူးစက် စေချင်ရင် အောက်တွင်ပါရှိနေသော Jennie ရဲ့ live videoကိုကြည့်ရှူနိုင်ပါတယ်။
Source…soompi