Ji Chang Wook နှင့် Kim Yoo Jung တို့​၏ ဇာတ်လမ်းတွဲ အသစ် 2020 တွင်ထွက်ရှိမည်

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် “ Convenience Store Saet Byul “ ဇာတ်လမ်းတွဲသစ်တွင် ပါဝင်မည့် ခေါင်းဆောင် မင်းသားနှင့် မင်းသမီးကို တရားဝင် ထုတ်ပြန်လိုက်သည်။ ခေါင်းဆောင်မင်းသားနေရာတွင် မိန်းကလေးတိုင်း​၏ အသဲကြော်ဖြစ်သော Ji Chang Wook မှပါဝင်မည်ဖြစ်ပီး မင်းသမီးနေရာတွင်တော့ Kim Yoo Jung မှသရုပ်ဆောင်မည်ဟု သူတို့​၏ အေဂျင်စီအသီးသီးမှ ထုတ်ပြန်လိုက်သည်။

Kim Yoo Jung သည်ကလေးသရုက်ဆောင် ဘဝဖြင့်အနုပညာလောက ထဲ့သို့စတင်ဝင်ရောက်ခဲ့ပီး သူမ၏ချစ်စရာဟန်ပန်နှင့် သဘာဝကျသော သရုပ်ဆောင်မှုများဖြင့် ပရိတ်သတ်များ​၏ အချစ်ကိုရယူထားသူဖြစ်သည်။ အဆိုပါဇာတ်လမ်းတွဲသည် တောင်ကိုရီးယားနိုင်ငံ​၏ အောင်မြင်သော webtoon (ကာတွန်း) ကိုအခြေခံ၍ ရိုက်ကူးမှာပါ။

ဇာတ်အိမ်မှာ စတိုးဆိုင်ပိုရှင်ကောင်လေးနှင့် အချိန်ပိုင်းအလုပ်သမား ကောင်မလေးကြားက အချစ်ဇာတ်လမ်းလေးကို အချစ်ဟာသဇာတ်မြူး ပုံစံမျိုးဖြင့် ပရိတ်သတ်ထံတင်ပြမည် ဖြစ်ပါတယ်။ ရိုက်ကူးမည့် ဒါရိုက်တာကတော့ 2019ခုနှစ်တွင် SBS ရုပ်သံလိုင်းမှထုတ်လွှင့်ခဲ့သော The Fiery Priest ဇာတ်ကားဖြင့် အောင်မြင်မှုများစွာကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦး ပဲဖြစ်ပါတယ်။

ထိုဇာတ်လမ်းတွဲကို မေလတွင်စတင်ရိုက်ကူးမည်ဖြစ်ပီး 2020နှောင်းပိုင်းတွင့်တော့ ထုတ်လွှင့်နိုင်မည်ဟု ပြောထားပါသည်။ အလားတူပင် ယခု 2020 နှစ်ထဲမှာပင် အခြားရုံတင်ကားတစ်ခု ကိုလည်းလက်ခံထားပါသေးသည်။ မင်းသားကိုချစ်သော ပရိတ်သတ်များအဖို့ 2020 တွင်သူ​၏ ရုပ်ရှင်ကားများကို အဆက်မပြတ် အားပေးနိုင်တော့ပါမယ်။ ဘယ်သူတွေက Ji Chang Wook နဲ့ Kim Yoo Jung ရဲ့ drama အသစ်အတွက် ရင်ခုန်နေကြပီလဲ။ ကိုယ့်ရဲ့ ထင်မြင်ချက်ကို Comment ရေးပေးခဲ့နိုင်ပါတယ်နော်။

Source: Soompi

Share