The World of the Married ထဲက ဗီလိန်မလေးရဲ့ သုညကနေစခဲ့တဲ့ ဘဝဇာတ်ကြောင်း

ကိုရီးယားမှာကြည့်ရှုနှုန်းအမြင့်ဆုံး စံချိန်သစ်တင်လိုက်ပြီဖြစ်တဲ့ The World of the Married ဇာတ်လမ်းတွဲထဲက ဗီလိန်မလေးယောဒါဂယောင်းကိုတော့ အားလုံးသိကြမှာပါနော်။ ရုပ်ရှင်ထဲမှာတော့ လိုတိုင်းတရင်ရတဲ့ သူဌေးသမီးလေးနေရာက သရုပ်ဆောင်နေပေမယ့် ပြင်ပဘဝမှာတော့ သူမဟာ အောက်သက်ကြေတဲ့ မိန်းကလေးတစ်ယောက်ပါ။

အနုပညာမေဂျာနဲ့ကျောင်းတက်ခဲ့တဲ့ ဟန်ဆိုဟီးဟာ သရုပ်ဆောင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အသက်နှစ်ဆယ်အရွယ်မှာ မွေးရပ်မြေ အူလ်ဆန်ကနေ ဆိုးလ်ကို တစ်ယောက်တည်းပြောင်းလာခဲ့ပါတယ်။ မြို့တက်လာတဲ့အချိန်မှာ သူ့မှာ ပိုက်ဆံဆိုလို့ ဝမ်သုံးသောင်းပဲပါလာပါတယ်တဲ့။ ဆိုးလ်မြို့ကြီးကို ရောက်တဲ့အခါမှာလဲ သူမျှော်မှန်းထားသလိုမဖြစ်ပဲ ဘားတစ်ခုမှာ မနက်လင်းတဲ့အထိ တစ်ရေးမှမအိပ်ရပဲ တစ်နှစ်လောက် အလုပ်လုပ်ပြီး ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် အမြဲရည်မှန်းချက်ထားပြီး ကြိုးစားနေတဲ့လူအတွက် အခွင့်အရေးကတော့ရှိစမြဲပါ။ အနုပညာဝါသနာထုံတဲ့သူမဟာ social influencer အနေနဲ့ တဖြည်းဖြည်း ဆိုရှယ်မီဒီယာမှာ နာမည်ကြီးလာပြီး 2016 မှာတော့နာမည်ကြီးအဆိုတော်အဖွဲ့ Shinee ရဲ့ “Tell me what to do” MV မှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီး မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။

ကြော်ငြာအနည်းငယ်နဲ့ ဇာတ်လမ်းတွဲတွေမှာ မထင်မရှားဇာတ်ရုပ်အနေနဲ့ ပါဝင်နေရာကနေ သူမရဲ့ကြိုးစားမှုနဲ့ တမူထူးခြားတဲ့ရုပ်ရည်ကြောင့် လူစိတ်ဝင်စားခံလာရပြီး အရေးပါတဲ့ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ခဲ့ရပါတယ်။ နာမည်ကြီးရုပ်သံစီးရီးတွေဖြစ်တဲ့ Money Flower, Abyss, 100 days husband စတာတွေမှာ ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်ပြီးနောက်မှာတော့ သူမဆီကို အခွင့်အရေးကြီးတစ်ခုရောက်ရှိလာပါတယ်။

လက်ရှိပြသနေတဲ့ The World of the Married မှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရာကနေ သူမဘဝမှာ အောင်မြင်မှုအထွတ်အထိပ်ကို ရောက်ရှိနေပါပြီ။ သရုပ်ဆောင်ကောင်းလွန်းတဲ့ သူမဟာ ဇာတ်ကောင်အရ အမုန်းခံရပေမယ့် သရုပ်ဆောင်စွမ်းရည်ကိုတော့ ချီးကျူးခံနေရပါတယ်။ အခုဆိုသူမဟာ ကြည့်ရှုနှုန်းအမြင့်ဆုံး ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်နေပါပြီ။

အသက်ငယ်ငယ်မှာ တစ်ယောက်တည်းရုန်းကန်ခဲ့ရတာတောင် စိတ်ဓာတ်မကျပဲ ဒီအခြေအနေအထိတက်လာနိုင်တဲ့ သူမကတော့ တကယ်ကိုလေးစားစရာပါပဲ။ ပရိတ်သတ်တွေလဲ အခုဆို ပန်းခင်းလမ်းပဲလျှောက်ရတော့မယ့် ဟန်ဆိုဟီးကို ချစ်တယ်ဆိုရင် အားပေးစကားလေးတွေ ရေးသွားပေးပါဦးနော်။

Source: koreaboo

Share