2021 တွင် Park Seo Jun နှင့် Jung Ji Hyun တို့ ဇာတ်လမ်းတွဲ အသစ်ဖြင့် ပရိတ်သတ်ထံ ပြန်ထွက်လာနိုင်

မင်းသား Park Seo Jun ဆိုသည်မှာ လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ​၏ အောင်မြင်ဆုံး မင်းသားတလတ်ဟုပင် ဆိုနိုင်ပါသည်။ Park Seo Jun ခေါင်းဆောင် မင်းသားအဖြစ် ပါဝင်သည့် မည့်သည့်drama မဆို ပရိတ်သတ်​၏ အားပေးမှုကို အပြည့်အဝ ရခဲ့ပါသည်။ ဥပမာ အနေနဲ့ ပြောရမည် ဆိုလျှင် ၂၀၁၈ တွင် ထွက်ရှိခဲ့သော Fight for my way, ၂၀၁၉တွင် ထွက်ရှိခဲ့သော what wrong with secretary Kim အပြင် ယခု လောလောလတ်လတ်မှ ထွက်ရှိထားသော Itaewon Class စသည်တို့မှာလည်း အောင်မြင်မှု အသီးသီးဆွတ်ခူး နိုင်ခဲ့သော drama များပင်ဖြစ်ပေသည်။

အလားတူပင် မင်းသမီး Jung Ji Hyun မှာလည်း My Sassy girl (2001) ရှင်ရုပ်မှစ၍ အနုပညာလောကတွင် နေရာတစ်ခုရလာကာ ယနေ့တိုင်အထိပင် ရှမ်းရှမ်းတောက် အောင်မြင်နေဆဲပဲ ဖြစ်ပါတယ်။ သူမ​၏ သရုပ်ဆောင်ချက်များမှာလည်း အများနှင့်မတူ ထူးခြား ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်သောကြောင့် ပရိတ်သတ်များ​၏ အချစ်ကို သိမ်းပိုက်ထားနိုင်သူလည်း ဖြစ်ပါတယ်။မင်းသမီးမှာ ယခုဆိုလျှင် ကလေးနှစ်ယောက်​၏ မိခင်ဖြစ်သော်ငြားလည်း နုပျိုလှပနေဆဲလျက် ရှိသည်။

ထိုကဲ့သို့သော စတားနှစ်ယောက်​ကို တူတူတွဲမြင်ရနိုင်မည့်အခွင့်အရေးကို ပရိတ်သတ်များက လွန်စွာတောင်းတနေကြသည်။ Ilgan sports ​၏ ပြောကြားချက်အရ Mount Jiri ဟူသော ဇာတ်လမ်းတွဲ အသစ်ကို မင်းသား Park Seo Jun ဟာ မင်းသမီး Jung Ji Hyun နှင့်အတူ သရုပ်ဆောင်နိုင်ရန် ဆွေးနွေးပြင်ဆင်နေပါပီ။

စာရေးဆရာမ Kim Eun Hee

ဇာတ်လမ်းကို ရေးသားမည့် စာရေးဆရာမမှာ Kingdom ( season 1,2) ကို​ ရေးသားခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ရိုက်ကူးမည့် ဒါရိုက်တာမှာလည်း နာမည်ကြီး ဇာတ်လမ်းတွဲများဖြစ်သော Mr.Sunshine, Goblin, Descendants of the sun စသည်တို့​၏ ဖန်တီးရှင်ပင် ဖြစ်ပါတယ်။ ပရိတ်သတ်များ မှာလည်း မင်းသားမှ ထိုဇာတ်လမ်းတွဲအသစ်​၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါက ၂၀၂၁တွင် Park Seo Jun သည် ယခုထက်ပို၍ အောင်မြင်ဦးမည်ဟု ထင်ကြေးပေးနေကြပါတယ်။

ယခုလက်ရှိ အထိတော့ ဇာတ်လမ်းတွဲနှင့်ပက်သက်သော သတင်းများကိုတော့ အတိအကျ မထုတ်ပြန်ကြသေးပါ။ သို့သော် ထုတ်လွှင့်မည် ဆိုလျှင်တော့ ၂၀၂၁ နှစ်စပိုင်းတွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ဆိုသည်။ Myanmar Cele Bar ပရိတ်သတ်ကြီးလည်း အတူတူရင်ခုန်ရင်း စောင့်မျှော်နေမယ်လို့ထင်မိပါတယ်နော်…။

Source…koreaboo

Share