ကိုရီးယားပြည်သူတွေ ရွေးချယ်ခဲ့တဲ့ အဆိုရောသရုပ်ဆောင်ရော ထူးချွန်တဲ့ idol သရုပ်ဆောင်များ

1.Suzy
Dream High ရုပ်ရှင်စီးရီးနဲ့ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတဲ့ Suzy ဟာ Miss A အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အဆိုနဲ့အကမှာလဲ အောင်မြင်မှုတွေရရှိထားသလို သရုပ်ဆောင်ပိုင်းမှာလဲ ပါရမီပါတာကြောင့်​ While you were sleeping, Vagabond စတဲ့ဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ ရိုက်ကူးခဲ့တာပါ။

2.IU
ချစ်စရာကောင်းတဲ့ ဟန်ပန်နဲ့ ချိုမြိန်တဲ့အသံလေးရှိတဲ့ အဆိုတော်မလေး IU ကတော့ Dream High, Producer, Hotel Del Luna စတဲ့ စီးရီးတွေနဲ့ ရုပ်ရှင်လောကမှာ အောင်မြင်မှုဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။ ငယ်ရွယ်တက်ကြွတဲ့ပုံစံနဲ့သူမဟာ စူးရှထက်မြက်တဲ့ဇာတ်ရုပ်တွေကိုပါ ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ပါတယ်။

3.D.O
အဆိုပိုင်းမှာလဲ EXO အဖွဲ့ဝင်အနေနဲ့ရော တစ်ကိုယ်တော်အနေနဲ့ပါ သီချင်းပေါင်းများစွာ ထွက်ရှိထားပြီး ရုပ်ရှင်ကားတွေလဲ အများကြီးရိုက်ကူးထားတဲ့ အနုပညာရှင်ပါ။ My Annoying Brother, 100 Days My Prince ရုပ်ရှင်တွေမှာ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကြောင့် ချီးကျူးခံနေရသူလဲ ဖြစ်ပါတယ်။

4.Kim Myung Soo
ပွဲဦးထွက်ကတည်းက ချောမောတဲ့ရုပ်ရည်ကြောင့် ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ မျက်စိကျခံခဲ့ရတဲ့သူက အခုတော့ အောင်မြင်တဲ့အဆိုတော်သရုပ်ဆောင်တစ်ဦး ဖြစ်နေပါပြီ။ လတ်တလောထွက်ရှိထားတဲ့ Angel’s Last Mission နဲ့ Welcome ဇာတ်လမ်းတွဲတွေဟာ အောင်မြင်နေပါတယ်။

5.Jiyeon
Kim Tae Hee အသေးစားလေးလို့ နာမည်ကြီးတဲ့သူမဟာ ရုပ်ရည်သာမက သရုပ်ဆောင်ပိုင်းမှာလဲ စီနီယာထက်မလျော့အောင် ကြိုးစားနိုင်သူလေးပါ။ Dream High 2 မှာ ဗီလိန်အဖြစ် သရုပ်ဆောင်မှုကြောင့် အထူးချီးကျူးခံခဲ့ရပြီး Triangle, Encounter စတဲ့ ဇာတ်လမ်းတွဲတွေနဲ့လဲ အောင်မြင်ခဲ့ပါသေးတယ်။

6.Park Hyung Sik
ZE:A အဖွဲ့ဝင် idol တစ်ဦးဖြစ်ပြီး လက်ရှိမှာအောင်မြင်တဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ယောက် အနေနဲ့ ရပ်တည်နေပါတယ်။ Hwarang, Strong Woman Do Bong Soon စတာတွေဟာ မကြာသေးခင်ကမှ နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲတွေဖြစ်တာမို့ ပရိတ်သတ်စိတ်ဝင်စားမှုကိုလည်း ခံနေရသူတစ်ဦးပါ။

7.Jung Eunji
Apink အဖွဲ့ရဲ့ အဓိကအဆိုရှင်ဖြစ်တဲ့သူမဟာ အဆိုပိုင်းမှာထူးချွန်သလို သရုပ်ဆောင်ပိုင်းမှာလဲ မခေသူတစ်ဦးပါ။ Reply 1997 မှာခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့ရုံသာမက သူမသီဆိုထားတဲ့ ဇာတ်ဝင်တေးကလဲ ပရိတ်သတ်တွေကြားမှာ အရမ်းကိုရေပန်းစားခဲ့ပါသေးတယ်။

8.Jinyoung
GOT7 နဲ့ ပွဲဦးမထွက်ခင်တည်းက Dream High 2 ဇာတ်လမ်းတွဲမှာ အရေးပါတဲ့ဇာတ်ရုပ်နဲ့ သရုပ်ဆောင်လမ်းကြောင်းပေါ်ရောက်ခဲ့တဲ့သူပါ။ ပွဲဦးထွက်နောက်ပိုင်းမှာတော့ Legend of the Blue Sea, When my love blooms စီးရီးတွေမှာ မင်းသားရဲ့ငယ်ဘဝ၊ He is Psychometric မှာ ခေါင်းဆောင်မင်းသားအနေနဲ့ ရိုက်ကူးခဲ့ပါတယ်။

9.Yook Seung Jae
BtoB အဖွဲ့နဲ့ သီချင်းတွေဆိုနေရင်း Reply 1994, Goblin, Who are you: School 2015 စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို အဆိုရောသရုပ်ဆောင်ရော မလစ်ဟင်းသော ပါရမီရှင်တစ်ဦးဖြစ်တာမို့ ပြည်တွင်းမှာသာမက ပြည်ပမှာပါ အောင်မြင်မှုရရှိနေသူဖြစ်ပါတယ်။

10.Hyeri
Girl’s Day အဖွဲ့ရဲ့ အလှဆုံးအဖွဲ့ဝင်ထဲမှာတစ်ဦးဖြစ်ပြီး Reply 1988 မှာ သူမရဲ့ကျော့ရှင်းလှပတဲ့ပုံရိပ်ကို မေ့ထားပြီး ဇာတ်ရုပ်အပေါ်စိတ်နှစ်ကာ သရုပ်ဆောင်မှုကြောင့် သဘာဝမင်းသမီးလို့တောင် ပြောကြပါတယ်။ သူမဟာ မတူညီတဲ့ နယ်ပယ်နှစ်ခုလုံးမှာ ကြိုးစားသူလေးဖြစ်ပါတယ်။

source : koreaboo

Share