BTS အဖွဲ့ဟာ You tube မှပြုလုပ်မည့် Virtual Gradudation Ceremony တွင် မိန့်ခွန်းပြောကြားခြင်း နှင့် ဖျော်ဖြေခြင်းတို့ပြုလုပ်မည်

Covid-19 pandemic ဟာကမ္ဘာနေရာအနှံနှံမှ နေရာတော်တော်များများကို သက်ရောက်မှုရှိနေသဖြင့် လူများဟာ Social distancing လုပ်၍ နည်းအမျိုးမျိုးဖြင့် အချင်းချင်း ဆက်သွယ်နိုင်ရန် ကြိုးပမ်းနေကြပါတယ်။ ထို့ကြောင့် YouTube မှ ” Dear Class of 2020 ” ဆိုသည့် ဗီဒိုယို ဖြင့် Graduation ( ဘွဲ့ယူ ) မည့် အစီအစဉ်ကို ဇွန်လ ၆ ရက်နေ့တွင် YouTube Originals Channel တွင် ထုတ်လွှင့်မည်ဟု ကြေငြာထားပါသည်။

သမ္မတဟောင်း Barack Obama နှင့် သူ၏ဇနီး Michelle Obama တို့မှ ၂၀၂၀တွင်ဘွဲ့ရမည့်သူများအတွက် မိန့်ခွန်းပြောကြားမည့် အစီအစဉ်လည်း ပါဝင်ပါသည်။ Kpop အဖွဲဖြစ်တဲ့ BTS အဖွဲ့ဟာ လည်းပါဝင်ဖော်ဖြေပေးမည့်အပြင် မိန့်ခွန်း ( speech ) ပြောကြားပေးမှာပဲ ဖြစ်ပါတယ်။

တခြားနာမည်ကြီးများဖြစ်သော Lady Gaga, Google ၏ CEO Sundar Pichai နှင့် Malala Yousafzai စသည့် ပုဂ္ဂိုလ်များ၏ အစီအစဉ်များလည်း ပါဝင်မှာပါ။ အဆိုပါပွဲ၏ ရည်ရွယ်ချက်ကတော့ ၂၀၂၀တွင်ဘွဲ့ရမည့် ကျောင်းသားကျောင်းသူများထံသို့ hope (မျှော်လင့်ချက်) နှင့် inspiration ကို ယခုဖြစ်နေသော ပြသနာကြီးထဲမှ ယူဆောင်လာပေးချင်သောကြောင့် ဟုဆိုသည်။

ပွဲတွင်ဖျော်ဖြေမည့် အစီအစဉ်များကြောင့် ပရိတ်သတ်များလည်း ယခုကပ်ရောဂါကြီး ကြားထဲတွင် စိတ်သက်သာရာရစေမည့်အပြင် စိတ်ခွန်အားရစေမည်ဟု ယုံကြည်ပါသည်ဟုဆိုသည်။ အဆိုပါပွဲကို ၂၀၂၀ ဇွန်လတွင် YouTube Original Channel နှင့် YouTube’s Learn@Home site တွင် ကြည့်ရှုနျင်ပါသည်။

Source..koreaboo

Share