မျက်ရည်ဖြိုင်ဖြိုင်ကျရမယ့် ဝမ်းနည်းစရာအကောင်းဆုံး ကိုရီးယားရုပ်ရှင်များ

ကိုရီးယားဇာတ်ကားတွေဟာ drama နဲ့ romance တွေများပြီး ပရိတ်သတ်တွေကို ရင်ထဲထိအောင်ရိုက်တတ်ကြတာများပါတယ်။ အငိုရဆုံး ကိုရီးယားရုပ်ရှင်တွေရဲ့ စာရင်းကိုတော့ အောက်မှာကြည့်နိုင်ပါတယ်။

A Moment to Remember
အလွမ်းခန်းတွေရဲ့ ဘုရင်မလို့ခေါ်ကြတဲ့ Son Yejin နဲ့ သဘာဝမင်းသား Jung Woo Sung ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေးပါ။ IMDb rating 8.2 ရရှိထားပြီး အယ်လ်ဇိုင်းမားဝေဒနာခံစားနေရတဲ့ မိန်းကလေးနဲ့ သူ့ချစ်သူအကြောင်း ရိုက်ကူးထားတာဖြစ်ပြီး ကြည့်ရှုသူတိုင်း မျက်ရည်ကျရတဲ့ ရုပ်ရှင်ပါ။

Always
So Ji Sub နဲ့ Han Hyo Joo ရဲ့ ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရှုသူတွေကို ရင်နင့်စေခဲ့ပါတယ်။ အသက် ၃၀ အရွယ် လက်ဝှေ့ကစားသမားနဲ့ မျက်မမြင်ကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေက တကယ်ဝမ်းနည်းစရာ ကောင်းလွန်းပါတယ်။

Pure Love
Radio DJ တစ်ဦးရဲ့ လွန်ခဲ့တဲ့ ၂၃ နှစ်က အဖြစ်အပျက်ကို ပြန်ပြောင်းရိုက်ကူးထားပြီး လူငယ်နှစ်ယောက်ရဲ့ ဖြူစင်တဲ့အချစ်ဦးဇာတ်လမ်းကို တွေ့မြင်ရမှာပါ။ EXO အဖွဲ့ဝင် မင်းသား Do Kyung Soo ရဲ့ သရုပ်ဆောင်မှုကို ဝေဖန်သူတွေ အထူးချီးကျူးကြပြီး ကြည်နူးလွမ်းဆွတ်မှုကို တစ်ပြိုင်တည်းခံစားရမယ့် ရုပ်ရှင်ကောင်းတစ်ပုဒ်ပါ။

A Werewolf Boy
သမန်းဝံပလွေကောင်လေးနဲ့ နယ်ကိုပြောင်းလာတဲ့ ကောင်မလေးတို့ နှစ်ယောက်ကြားက သံယောဇဉ်နဲ့အချစ်အကြောင်း ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ ကြည့်ပြီးရင် တသသနဲ့ ကျန်ခဲ့ရမှာပါ။ မင်းသား Song Joon Ki နဲ့ မင်းသမီး Park Bo Young ရဲ့ အကောင်းဆုံးသရုပ်ဆောင်မှုတွေဟာ မျက်ရည်ကျစေမှာ အသေအချာပါပဲ။

Hope
သက်ငယ်မုဒိမ်းကြောင့် ဘဝပျက်ခဲ့ရတဲ့ မိန်းမငယ်လေးရဲ့ဘဝကို အခြေတည်ရိုက်ကူးထားတာမို့ ရင်ထဲမှာဆို့နင့်ပြီးမွန်းကြပ်စေမယ့်​ ရုပ်ရှင်ပါ။ သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေအပြင် ဖြစ်ရပ်မှန်ဆိုတဲ့ အသိကြီးက သူ့ကိုတောက်လျှောက် ရင်နာစေမှာမို့ ခံစားလွယ်ရင် မကြည့်သင့်လောက်အောင် ကောင်းတဲ့ဇာတ်လမ်းမျိုးပါ။

Miracle in Cell No.7
ပြစ်မှုကျူးလွန်သူအဖြစ် မှားယွင်းစွပ်စွဲခံရတဲ့ စိတ်ဝေဒနာသည်တစ်ဦးနဲ့ သူ့ရဲ့သမီးလေးကြားက ချစ်ခြင်းမေတ္တာကို ရင်နင့်ဖွယ်ရိုက်ကူးထားတာပါ။ ဇာတ်လမ်း အစကနေ အဆုံးအထိ သင့်စိတ်နှလုံးကိုကိုင်လှုပ်ပြီး မျက်ရည်ကျစေမှာမို့ဒီစာရင်းရဲ့ထိပ်ဆုံးမှာ ရှိနေတာမဆန်းလှပါဘူး။ ပရိတ်သတ်တွေလဲ ဒီရုပ်ရှင်တွေကို မကြည့်ရသေးလို့ကြည့်ချင်တယ်ဆိုရင်တော့ တစ်ရှူးလေးဆောင်ထားဖို့ မမေ့ပါနဲ့နော်။

source : moviez4U

Share