ရှိရင်းစွဲအသက်ထက် အများကြီးပိုနုပျိုတဲ့ ကိုရီးယားမင်းသမီးများ

အလှအပကို ဂရုစိုက်တဲ့ မိန်းကလေးတော်တော်များများဟာ နုပျိုလှပကြပေမယ့် ဒီစာရင်းထဲက မင်းသမီးတွေကတော့ ဘဝပေးကုသိုလ်လို့ ဆိုရလောက်အောင် အသက်အရွယ်နဲ့မလိုက် နုလွန်းကြတာပါ။သူတို့က ဘယ်သူတွေလဲဆိုရင်တော့

Im Soo Jung
WWW, Chicago Typewriter စတဲ့ဇာတ်လမ်းတွဲတွေနဲ့ မြန်မာပရိတ်သတ်တွေ ရင်းနှီးခဲ့တဲ့ဒီမင်းသမီးလေးဟာ သူ့ရဲ့ကလေးမျက်နှာလေးကြောင့် အသက်နှစ်ဆယ်ကျော်လို့ပဲ ထင်ရပေမယ့် ၁၉၇၉ ခုနှစ်ဖွားမို့ အသက်လေးဆယ့်တစ်နှစ်ရှိပါပြီ။

Cho Yeo Jung
အော်စကာဆုရ Parasite ဇာတ်ကားမှာ သူဌေးကတော်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ သူမကတော့ အသက် ၃၈ နှစ်ရှိပါပြီ။ အဆီပိုလုံးဝမရှိပဲ သွယ်လျကျစ်လစ်နဲ့ကိုယ်လုံး နုပျိုနေတဲ့အသားအရည်ကြောင့် အသက်နဲ့မလိုက်ပါဘူး။

Choi Kang Hee
Queen of Mistery ကားထဲက မင်းသမီးလေးကို အသက်ဘယ်လောက်လို့ထင်ပါသလဲ။ တက်သစ်စမင်းသမီးလေးတွေ ရှုံးလောက်အောင် ချစ်စရာကောင်းနေပေမယ်​့ မယုံနိုင်စရာ ဒီနှစ်မှာ ၄၂ နှစ်ပြည့်သွားပါပြီ။ သူမရဲ့လျှို့ဝှက်ချက်က ဘာပါလိမ့်နော်။

Jang Nara
နှစ်တွေသာပြောင်းလာမယ် သူမရဲ့နုပျိုတဲ့ ချစ်စရာရုပ်ရည်ကတော့ ပြောင်းလဲမသွားပါဘူး။ ဆယ်စုနှစ်နှစ်ခုနီးပါး ဆယ်ကျော်သက်အရွယ် မျက်နှာလေးကိုထိန်းသိမ်းထားနိုင်တဲ့သူမကတော့ အသက် ၃၈ နှစ်ရှိပါပြီ။ နုပျိုမှုကတော့ တက်သစ်စ idol လေးတွေလိုပါပဲ။

Moon Geun Young
ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိတ်သတ်တွေချစ်ခဲ့ရတဲ့ သူမကတော့ အခုချိန်ထိ ငယ်ရုပ်လေးကိုထိန်းထားနိုင်တုန်းပါပဲ။ ပရိတ်သတ်တွေအားလုံး ခုထိ ကလေးလေးလို့ပဲ မြင်နေပေမယ့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဖြစ်နေပါပြီ။

Ha Jiwon
မကြာခင်ကထွက်ထားတဲ့ Chocolate ဆိုတဲ့ ဇာတ်လမ်းတွဲမှာတောင် နှစ်ဆယ်ကျော်မိန်းမငယ်လေးလို လှသွေးကြွယ်နေခဲ့ပေမယ့် အနုပညာသက်တမ်း မနည်းတော့တဲ့သူမဟာ အသက် ၄၂ နှစ်ရှိနေပါပြီ။ အခုထိအရင်လို လှနေတုန်းပါပဲ။

Lee Yuri
မြန်မာပရိတ်သတ်တွေနဲ့ ရင်းနှီးတာအတော်ကြာနေပြီဖြစ်တဲ့ သူမကတော့ ပွဲဦးထွက်ကတည်းက အသက်မကြီးလာသလိုကိုထင်ရပါတယ်။ ကျောင်းသူအရွယ်လေးလိုထင်ရပေမယ့် သူမရဲ့အသက်ကတော့ ၃၉ နှစ်ပါ။

Jung Ryeo Won
ရှည်ရှည်သွယ်သွယ်နဲ့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ဒီကောင်မလေးကတကယ်တော့ မမအရွယ်ပါ။ နှစ်ဆယ်ကျော်မင်းသားတွေနဲ့ တွဲဖက်သရုပ်ဆောင်ရင်တောင် ရွယ်တူလိုထင်ရပေမယ့် အသက် ၃၈ နှစ်တောင်ရှိပါပြီတဲ့။

Lee Young Ae
လွန်ခဲ့တဲ့ဆယ်စုနှစ်များဆီက ချန်ဂင်လို့ နာမည်ကြီးခဲ့တဲ့ မင်းသမီးလေးဟာ အခုထိမထိရက်မကိုင်ရက်စရာ လှနေတုန်းပါပဲ။ အသက် ၅၀ ပြည့်တော့မှာဖြစ်ပေမယ့် အရေးအကြောင်းကင်းစင်ပြီး နုဖတ်နေတာပါ။

Kim Sarang
အထက်တန်းကျောင်းသူလို့ ပြောရင်တောင် လူတိုင်းသံသယ မဝင်လောက်ပေမယ့် သူမရဲ့မှတ်ပုံတင်ထဲက အသက်ကတော့ ၄၁ နှစ်ပါတဲ့။ အသက်အရွယ်အမှန်ကိုပြောရင် ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိ နုပျိုသူတစ်ဦးပါ။

source : top10awards

Share