2020 ရဲ့အနုပညာကြေးအမြင့်ဆုံး ကိုရီးယားမင်းသား ၁၀ ဦး

အနုပညာရှင်တွေဟာ အောင်မြင်လာတာနဲ့အမျှ သူတို့စိုက်ထုတ်ရတဲ့ ပင်ပန်းမှု အနုပညာစတာတွေရဲ့ တန်ဖိုးကြောင့် သူတို့ရဲ့အနုပညာကြေးကလဲ ကြီးလှပါတယ်။ ဒီမင်းသား ၁၀ ဦးကတော့ ၂၀၂၀ ရဲ့ကြေးအမြင့်ဆုံး မင်းသားတွေပါ။

10. Ji Chang Wook
အကောင်းဆုံးသရုပ်ဆောင်မှုနဲ့ ချောမောတဲ့ရုပ်ရည်၊ ဇာတ်ရုပ်အပေါ်စိတ်နှစ်ထားတတ်တဲ့ ကြိုးစားမှုကြောင်​​့ ရိုက်သမျှရုပ်ရှင် အောင်မြင်တဲ့မင်းသားပါ။ ဇာတ်လမ်းတွဲတစ်ခန်းကို $42000 (မြန်မာငွေ သိန်းငါးရာကျော်ခန့်) ရပါတယ်။

9. Song Joon Ki
သရုပ်ဆောင်အဖြစ် စတင်လုပ်ကိုင်ခဲ့ကတည်းက သူရိုက်တဲ့ရုပ်ရှင် မအောင်မြင်ဘူးဆိုတာ ရှားပါတယ်။ ဒါကြောင့်လဲ သူရိုက်ကူးမှုကျဲနေတဲ့နှစ်မှာတောင် ရုပ်ရှင်တစ်ခန်းအတွက် $50300 နှုန်းနဲ့ ကြေးအမြင့်ဆုံးမင်းသားထဲမှာ ပါဝင်နေတာပါ။

8. Lee Jong Suk
ပရိတ်သတ်တွေအကြိုက်တွေ့ပြီး အောင်မြင်မယ့်ဇာတ်လမ်းကို ရွေးချယ်တတ်သလို သရုပ်ဆောင်မှုမှာလဲ ဇာတ်ရုပ်နဲ့ကွက်တိကျအောင် အားထုတ်လွန်းတဲ့ ဒီမင်းသားကိုလဲ ထုတ်လုပ်သူတွေက ရုပ်ရှင်တစ်ခန်းကို $50300 နှုန်းနဲ့ ကမ်းလှမ်းရပါတယ်တဲ့။

7. Yoo Ah In
သမာရိုးကျ မဟုတ်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို ရွေးချယ်ရိုက်ကူးပြီး သူများနဲ့မတူတဲ့ သရုပ်ဆောင်မှုတွေနဲ့ ထူးခြားတဲ့ဒီ မင်းသားကတော့ အနုပညာကြေးတစ်ခန်းကို $58700 (မြန်မာငွေ သိန်းရှစ်ရာကျော်ခန့်) နှုန်းနဲ့ နံပါတ် ၇ နေရမှာ ရပ်တည်နေပါတယ်။

6. Lee Min Ho
လက်ရှိမှာ The King ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုတွေရရှိနေပြီး အရင်ကလဲ ဒိတ်ဒိတ်ကျဲဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ လီမင်ဟိုရဲ့ ဒီနှစ်အတွက် အနုပညာကြေးကလဲ မင်းသား Yoo Ah In လိုပဲ တစ်ခန်းကို $58700 နှုန်းပါပဲ။

5. Lee Seung Gi
ဟာသ၊ အချစ်၊ အက်ရှင် ဘက်စုံသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရမင်းသားတစ်လက်ဖြစ်ပါတယ်။ ဘယ်လိုဇာတ်ရုပ်မျိုးမဆို ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်တာမို့ သူ့ရဲ့အနုပညာကြေးကလဲ မင်းသား Yoo Ah In, Lee Min Ho တို့နဲ့ အတူတူပါပဲ။

4. So Ji Sub
မကြာခင်ကမှ မင်္ဂလာသတင်းကြားခဲ့ရတဲ့ မင်းသားကြီးကတော့ ဒီစာရင်းရဲ့ နံပါတ်လေးနေရာမှာ ရပ်တည်နေပါတယ်။ သရုပ်ဆောင်ကောင်းလွန်းသလို ဝါရင့်မင်းသားကြီးမို့ တစ်ခန်းကို $61700 (မြန်မာငွေသိန်းကိုးရာနီးပါး) ကျသင့်ပါတယ်။

3. Jo In Sung
ဆယ်စုနှစ်တစ်ခုကြာတဲ့အထိ ရုပ်ရှင်တစ်ကားဆိုရင် တစ်ကားဆိုသလို ပရိတ်သတ်ရင်ထဲ တသသစွဲကျန်နေအောင် သရုပ်ဆောင်တတ်တဲ့ မင်းသားကြီးကလဲ အနုပညာကြေး အနေနဲ့ တစ်ခန်းကို $61700 လက်ခံရရှိနေပါတယ်။

2. Hyun Bin
နှစ်တွေအများကြီးကြာတဲ့အထိ အောင်မြင်မှုမလျော့တဲ့အပြင် မကြာသေးခင်ကမှ Crash Landing On You ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို သိမ်းပိုက်သွားတဲ့သူကတော့ တစ်ခန်းကို $83900 (မြန်မာငွေသိန်းတစ်ထောင်ကျာ်) ေတာင်ရပါတယ်။

1. Kim Soo Hyun
ဘယ်အချိန်မေးမေး လူကြိုက်အများဆုံးဖြစ်တဲ့ မင်းသား Kim Soo Hyun ရဲ့အနုပညာကြေးကလဲ တစ်ခန်းကို $83900 မို့ ၂၀၂၀ ခုနှစ်အတွက် ကြေးအမြင့်ဆုံးမင်းသား စာရင်းမှာ Hyun Bin နဲ့ပူးတွဲ ဗိုလ်စွဲနေတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ကိုယ်အားပေးတဲ့ မင်းသားချောက ဒီစာရင်းမှာ နံပါတ်ဘယ်လောက်ချိတ်လဲဆိုတာ ဝင်ဆွေးနွေးသွားကြပါဦးနော်။

source : dramazingclips

Share