Jungkook ဖောက်သည်ချခဲ့ဖူးတဲ့ သူ့မိဘတွေရဲ့ အချစ်ဇာတ်လမ်း

BTS အဖွဲ့ဝင် Jungkook ရဲ့မိဘနှစ်ပါးကိုတော့ သူတို့ရဲ့ချောမောမှုနဲ့ အရွယ်တင်မှုကြောင်​့ မြင်ဖူးတဲ့ပရိတ်သတ်တိုင်း အံ့ဩရပါတယ်။Let’s Eat Dinner Together အစီအစဉ်ရဲ့ Jungkook ပါဝင်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က အပိုင်းမှာတော့ သူဟာသူ့မိသားစုရဲ့အကြောင်းကို တစ်စွန်းတစ်စ ဖောက်သည်ချခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူ Kang Ho Dong က သူ့ရဲ့မိသားစုနဲ့ ပတ်သတ်ပြီးမေးခဲ့တဲ့အခါ Jungkook ကသူ့မိဘတွေရဲ့အသက်ကို ထုတ်ပြောခဲ့တာကြောင့် Kang Ho Dong တစ်ယောက် အံ့ဩတကြီးဖြစ်သွားခဲ့ရပါတယ်။ အကြောင်းကတော့ Jungkook ရဲ့မိဘတွေက Kang Ho Dong ထက်တောင် ငယ်နေသေးလို့ပါ။

Jungkook ဆက်ပြောပြခဲ့တာကတော့ သူ့မိဘတွေဟာ ငယ်ငယ်လေးနဲ့ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အမေဖြစ်သူက အဖေ့ကိုစတင်ချည်းကပ်ခဲ့တာပါတဲ့။ Jungkook ဟာ အဖေတူသားလေးမို့ သူ့အဖေငယ်ငယ်ကလဲ သူ့လိုပဲ ချောခဲ့တာကို အမေကကြွေသွားပြီး ရင်းနှီးမှုရယူခဲ့တာလို့ ဖောက်သည်ချခဲ့ပါတယ်။

မိဘနှစ်ပါးကတော့ လက်ထပ်ခဲ့တာ တကယ်ကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ။ Jungkook လိုသားလေးကို ရခဲ့တာတော်ရုံကံကောင်းမှုမျိုး မဟုတ်လို့ တကယ်ကို ကျေးဇူးတင်စရာပါ။ Jungkook ရဲ့အဖေကလဲ ဆေးလိပ်သောက်တတ်ခဲ့ပေမယ့် အခုတော့ Jungkook ကြောင့် ဆေးလိပ်ဖြတ်လိုက်ပြီလို့လဲ ပြောပါသေးတယ်။

  • (Zawgyi) Jungkook ဖောက်သည်ချခဲ့ဖူးတဲ့ သူ့မိဘတွေရဲ့ အချစ်ဇာတ်လမ်း





source: koreaboo

Share