Lee Kwang Soo ကိုဘာကြောင့် တောင်ကိုရီယား ပရိတ်သတ်များက ချစ်ခင်ကြရတာလဲ

Running man (Variety show) ရဲ့ ပုံမှန် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lee Kwang Soo ဟာတောင်ကိုရီးယားနိုင်ငံတွင်သာမက အာရှနိုင်ငံများတွင်ပါ အချစ်ကိုရရှိထားတာပဲ ဖြစ်ပါတယ်။ Running man ရဲ့အဖွဲ့ဝင်ဖြစ်ပီးနောက်ပိုင်းမှာတော့ ရှန်းရှန်းတောက် အောင်မြင်ခဲ့ပီး Prince of Asia (အာရှ၏ မင်းသားလေး) ဆိုတဲ့ နာမည်ပြောင်ကိုပင် ရရှိခဲ့ပါတယ်။

သူ့ကို လူအများကြိုက်နှစ်သက်ရသည့် အဓိကအကြောင်းကတော့ ရီရ၍ ဖြစ်ပါတယ်။ ပရိတ်သတ်များကို ရီမောပျော်ရွှင်စေနိုင်သည့် သူ၏လှုပ်ရှားမှု၊ ပြောပုံဆိုပုံ တို့ကြောင့်ပဲ ဖြစ်ပါတယ်။ သို့သော် အခြားအရာများလည်း ရှိပါသေးသည်။

Lee Kwang Soo ဟာသူနှင့် ပက်သက်သည့် စီနီယာ၊ဂျုနီယာ အားလုံးအပေါ်တွင် လေးစားမှုရှိသော၊ ကြင်နာတတ်သော သူတစ်ဦးလည်း ဖြစ်ပါတယ်။ Lee Kwang Soo နှင့် အလုပ်အတူတူ တွဲလုပ်ဖူးသည့် အနုပညာရှင်တိုင်းကလည်း သူ့၏အဆိုပါစိတ်ဓာတ်ကို ချီးကျူ းကြပါတယ်။

Lee Kwang Soo နှင့် ပက်သက်၍ လူပြောအများဆုံး အကြောင်းတစ်ခု ရှိခဲ့ပါတယ်။ ထိုအရာကတော့ ၂၀၀၉ ခုနှစ်မှာ အရက်သမားတစ်ဦးက သက်ကြီးရွယ်အိုစုံတွဲကို တိုက်ခိုက်တာကို ကူညီခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ သူဟာချက်ချင်းဆိုသလို ရဲကိုဖုန်းဆက်အကြောင်းကြားခဲ့ပီး ရဲစခန်းတွင်လည်း သက်သေအဖြစ်ထွက်ဆိုခဲ့ပါတယ်။ ထိုနောက် တရားရုံးတွင်လည်း အဆိုပါစုံတွဲဘက်မှ မျက်မြင်သက်သေ အနေနှင့် ကူညီခဲ့ပါတယ်။

ထိုကဲ့သို့ကူညီရသည်မှာလည်း အဖိုးကြီး၊အဖွားကြီးစုံတွဲ တရားမျှတမှု ရရှိအောင်ဆိုသည့် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်ဟု ဆိုခဲ့ပါတယ်။ အနုပညာရှင် တစ်ဦးအနေနဲ့ ထိုကဲ့သို့ ရုံးရောက်၊ဂတ်ရောက်ကိစ္စကို ကူညီဖို့ဆိုတာ မလွယ်ကူတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

သို့သော် Lee Kwang Soo က မိမိ၏ပုံရိပ်ထက် တပါးသူ တရားမျှတမှု ရရှိရေးကို ရှေးရူခဲ့သဖြင့် အများပြည်သူ၏ ချီးကျူ းထောပနာပြုမှုကို ရရှိခဲ့ပါတယ်။ Lee Kwang Soo ၏စိတ်ဓာတ်ဟာ အလွန်လေးစားဖွယ်ကောင်းပီး အတုယူစရာ ကောင်းလှပါတယ်။ စိတ်ထားကောင်းပီး လူအများကို အမြဲပျော်ရွှင်အောင်လုပ်ပေးသော Lee Kwang Soo တယောက်အနာဂတ်မှာ ဒီထက်အောင်မြင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: Koreaboo

Share