၂၀၂ဝခုနှစ် သြဂုတ်လတွင် မင်းသား Park Bo Gum စစ်မှုထမ်းရန် အလားအလာရှိ

Park Bo Gum သည်တောင်ကိုရီးယားနိုင်ငံ နာမည်ကြီး မင်းသားများထဲမှ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သူ၏အောင်မြင်ခဲ့သော ဇာတ်လမ်းတွဲအချို့မှာ Reply 1988, Love in the moonlight, Boyfriend စသည်တို့ပင် ဖြစ်ပါသည်။ Bo Gum ဟာ ယခုနှစ်ထဲတွင် စစ်မှုထမ်းတော့မည့် အလားအလာရှိနေပါတယ်။

ဇွန်လ ၂ ရက်နေ့တွင်တော့ Park Bo Gum ၏အေဂျင်စီဖြစ်သော Blossom Entertainment မှ တရားဝင်စာ ထုတ်ပြန်လိုက်ပါတယ်။ Bo Gum ဟာ ၂၀၂ဝခုနှစ်ရဲ့ နှောင်းပိုင်းမှာ စစ်မှုထမ်းတော့မည်ဟု အသိပေးထားပါတယ်။ Bo Gum ဟာယခုဆိုလျှင်တော့ တောင်ကိုရီးယားရေတပ်၏ ဖျော်ဖြေရေးအသင်းကို ဝင်ခွင့်တင်ထားပီး interview ကိုလည်း ဇွန်လ ၁ရက်နေ့တွင် ဖြေဆိုခဲ့ပါတယ်။

Interview အောင်ခဲ့လျှင်တော့ သြဂုတ်လ ၃၁ရက်နေ့မှာ စတင်၍ စစ်မှုထမ်းတော့မှာပဲ ဖြစ်ပါတယ်။ မင်းသားဟာ သူရဲ့စစ်မှုထမ်းတဲ့ကိစ္စနှင့် ပက်ပီးလူအချို့ကိုသာ အသိပေးခဲ့ပါတယ်။ Interview ၏ရလဒ်ပေါ်မူတည်၍ ပြောင်းလဲနိုင်တာမျိုးလည်း ရှိသဖြင့် ယခုတော့အားလုံးကို တိတိကျကျ ပြော၍မရနိုင်သေးတာကို နားလည်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။


၁၉၉၃ နှစ်ဖွား Park Bo Gum ဟာဆိုလျှင် စစ်မှုထမ်းရန် အချိန်များစွာကျန်သေးသော်လည်း သူဟာယခုနှစ်အတွင်း စစ်ထဲဝင်ချင်သည့် စိတ်ပြင်းထန်နေသဖြင့် အေဂျင်စီဘက်ကလည်း ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ တဖက်တွင်လည်း Bo Gum ရိုက်ကူးထားသည့် Seo Bok ရုပ်ရှင်မှာလည်း ၂၀၂၀ နှစ်ကုန်ခါနီးတွင် ထွက်ရှိတော့မှာပါ။

Source: Soompi

Share